(Zawgyi Version)
လေးလံနေသော မျက်တောင်များကို ဖွင့်ကြည့်လိုက်တော့ အလင်းရောင်အနည်းငယ်က အမြင်အာရုံထဲ ထိုးဖောက်ဝင်ရောက်လာတော့သည်။ခေတ္တပြန်မှိတ်ပြီးမှ တစ်ဖန်ပြန်လည်ဖွင့်ကြည့်လိုက်တော့ ပိုင်ကျင်းမှာ နူးညံ့သော နေရာတွင်လဲလျောင်းနေရသည်ကို သိရှိလိုက်သည်။
ဆေးရုံ !
သူရောက်နေသည်မှာ ဆေးရုံတစ်ခုဖြစ်သည်။
ဘေးပတ်လည်ကို ဖြည်းညင်းစွာကြည့်လိုက်တော့ ဆေးပိုက်တချို့ကိုလည်းမြင်လိုက်ရသလိုသူ၏လက်ဖျံတွင်လည်း အပ်တချို့က စိုက်ဝင်နေသည်။
ပိုင်ကျင်းမှာ ခဏတိတ်ဆိတ်နေပြီးနောက် ကလေးတွေကို သတိရသွားလိုက်သည်။
သူတောထဲမှာရှိနေတာမဟုတ်လား?
ပြီးတော့ ကလေးတွေ !
သူမွေးထားတဲ့ ဝံပုလွေပေါက်လေးတွေကလည်း သူ့လက်ပေါ်မှာရှိနေတာမဟုတ်ဘူးလား ?
သိချင်စိတ်ကြောင့် သူထိုင်ရန်ကြိုးစားလိုက်တော့ အခန်းထဲဝင်လာသည့် အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။
သူမက ထိုင်ရန်ကြိုးစားနေသည့် ပိုင်ကျင်းကိုမြင်တော့ အပြေးလာကာ စိုးရိမ်တကြီးဆိုလေ၏။
"သခင်လေး သတိရလာပြီ ! သက်သာရဲ့လား"
"အင်း ခင်ဗျားက ?"
"ကျွန်မက မစ္စရန်အစား သခင်လေးကို စောင့်ရှောက်ပေးဖို့ရောက်လာတဲ့လူပါ....သခင်ကြီးကိုယ်တိုင်က တာဝန်ပေးထားတာပါ ။ သခင်လေး ယုံကြည်လို့ရပါတယ်"
ပိုင်ကျင်းက ထိုအခါမှမစ္စရန်ကို သတိရသွားသည်။
သူမက ပိုင်ကျင်းကို ကာကွယ်ပေးခဲ့တာမဟုတ်လား?
"သူရော မစ္စရန်ဘယ်မှာလဲ"
ထိုအမျိုးသမီးက အနည်းငယ်တိုးလျသောအသံဖြင့်
"သူ သတိမလည်သေးဘူး "
"ဘယ်လောက်ထိခိုက်သွားလဲ
"နံရိုး၆ချောင်းကျိုးသွားတယ် ၊ လက်လဲထိသွားတယ်။ သခင်ကြီးက သူ့ကိုအကောင်းဆုံးကုသပေးနေပါတယ် ...သခင်လေး အရမ်းကြီးစိတ်မပူပါနဲ့ ...သွေးနုသားနုဆ်ုတော့ စိတ်ကိုအေးအေးထားပါ"