(Zawgyi Version)
သူ၏ စကားကို G1 က လက်မခံသည့်သဘောရှိသည်။ တောထဲလိုက်လာသည့်အကြောင်းကိုပြောလိုက်သည်နှင့် ခါးခါးသီးသီးဖြစ်နေကာ ခေါင်းကြီးနှင့်လည်း ပိုင်ကျင်းကို တွန်းထိုးနေသေး၏။"မင်း ဘာလို့သဘောမကျတာလဲ ။ငါမင်းနောက်ကိုလိုက်လာတာ မကောင်းဘူးလား?"
ဝံပုလွေကြီးက မာန်ဖီသံကြီးပြုကာ ပိုင်ကျင်း၏ ဘေးနားတွင်ဝပ်နေ၏။ ခြင်းထဲက ထွက်လာသည့်အကောင်ပေါက်လေးတွေကလည်း ဖခင်ဖြစ်သူ၏ ကိုယ်လုံးကြီးနားအတင်းတိုးဝှေ့နေကြကာ ပျော်နေကြသည်။
"ဟိုမှာနေရင် ငါစိတ်ချမ်းသာမယ်မင်းထင်လား။အဖေက ကလေးတွေကို သူများပေးပစ်တော့မှာ အဲ့လူသူများကရော ယုံကြည်လို့ရမယ်လို့ မင်းကထင်နေတာလား "
"____"
"အရင်တစ်ခေါက်ကိစ္စပြီးကတည်းက ငါတို့ဆီမှာ ဝံပုလွေနဲ့ပက်သက်ပြီး အမြင်မကြည်တာတွေဖြစ်လာခဲ့တယ် ။ အစိုးရကလဲ တောကို စေချာစောင့်ကြည့်နေပြီး မူမမှန်တာရှိရင် အချိန်မရွေးတစ်ခုခုလုပ်ဖို့စီစဉ်ထားပြီ။ပြီးတော့ တခြားနေရာတွေမှာတောင် ဝံပုလွေတွေကို စစ်လားဆေးလားတွေက ဆက်တိုက်ဖြစ်နေတာပဲ ....အသွင်ပြောင်းလား ရိုးရိုးဝံပုလွေလားဆိုပြီး"
ပိုင်ကျင်းက ပြောရင်းခေတ္တငြိမ်သက်သွားသည်။ တကယ်တမ်းတွေးကြည့်ရင် ဖခင်ဖြစ်သူ၏ လုပ်ရက်ကလည်းမမှား။
အားလုံးက ဝံပုလွေတွေနဲ့ပက်သက်သမျှကို အသေးစိတ်စစ်ဆေးနေပြီး အသွင်ပြောင်းများအား ရှာဖွေနေသည်။ တခြားလူမဆိုထားနှင့် ပိုင်အိမ်တော်တွင်ရှိသော GRAY 3ယောက်မှာလည်း မကြာခင်မှာစစ်ဆေးခံနိုင်ချေရှိ၏။
သို့သော် G1 မရှိတော့တာမို့ ပြဿနာလည်းတတ်နိုင်ပြီး ထိုပြဿနာထဲ ပိုင်ကျင်းပါဝင်လာပါက ကလေးတွေပါ ဒုက္ခရောက်နိုင်၏။
"သူတို့က ကလေးတွေကို ဖမ်းခေါ်သွားမှာပါ....အဲ့တာဆိုရင် ငါတို့ကလေးတွေနဲ့ နောက်ထပ်တွေ့ဖို့တောင်မသေချာဘူး"
ဝံပုလွေကြီးကမူ ပိုင်ကျင်းအား စိုက်ကြည့်နေဆဲ။ပိုင်ကျင်းမှာ အမွေးများထူထဲကာ နူးညံ့သော ကျာပြင်ကြီးကို ခပ်ဖွဖွပွတ်သပ်လိုက်ရင်းမှ
