27 [END]

15.7K 1K 77
                                    

(Zawgyi Version)
  
ဝံပုလွေတွေက အုပ်စုလိုက်အပြေးအလွှားသွားနေကြပြီးဆာလောင်နေသော ပုံစံကြောင့်တစ်ဖက်လူတွေအတွက်အန္တရာယ်ရှိသလို တောတွင်းမှာ ပြဿနာမဖြစ်စေချင်တာကြောင့်အနံ့ခံကောင်းသော ကျိုးရှက ဦးဆောင်ရင်း တောထဲတွင်အပြေးအလွှားသွားနေကြသည်။တဖြည်းဖြည်းနီးကပ်လာသော အသံများကြောင့် မှီတော့မယ်ဆိုတာကိုသိလိုက်ပြီး ရုံယွီက အသံကျယ်ကျယ်ဖြင့် ဟိန်းလိုက်တာကြောင့် တစ်ဖက်ဝံပုလွေတွေက တုံ့ဆိုင်းသွားတော့သည်။

ထို့အပြင် ဝံပုလွေကိုသာမက တစ်ဖက်တွင် လာတွေရှိတာကိုပါ သူတို့သိလိုက်ပြီး အနက်ရောင်ဝတ်စုံပြည့်နှင့်လူများကြောင့် မီးခိုးရောင်ဝံပုလွေကြီး က မျက်မှောင်ကြုတ်လိုက်ပြီး ခပ်တိုးတိုးဟိန်းလိုက်ပြီး မြေကြီးကိုလည်း လက်ဖြင့်အသာယက်လိုက်သည်။

အနက်ရောင်ဝတ်စုံနှင့် သေနတ်ကိုင်ထားသော လူက သာမာန်ဝံပုလွေထက်ပိုပြီးအရွယ်အစားကြီးသည့် အကောင်ကြီးများကိုမြင်တော့ ခေတ္တငြိမ်သက်သွားကာ လှည့်ကြည့်လာသည်။

အလယ်တွင်စမ်းချောင်းတစ်ခုခြားနေပြီးတစ်ဖက်တွင် သာမာန်ဝံပုလွေများဖြင့် လူတွေက ရှိနေပြီး တခြားတစ်ဖက်တွင်တော့ ရပ်ကြည့်နေသည့် ဝံပုလွေကြီး၅ကောင်ကို မြင်နေရသည်။

ဆာလောက်နေသော ဝံပုလွေတွေက အင်အားများသော လူအုပ်စုကို အတင်းဝင်လုံးရင်း သတ်ဖြတ်နေတော့ သူတို့လည်း မတတ်နိုင်ဘဲ ကြည့်နေလိုက်ရသည်။အခြေအနေကို ရပ်ကြည့်နေသည့်မီးခိုးရောင်ဝံပုလွေကြီးမှ တဖြည်းဖြည်းမျက်မှောင်ကြုတ်ရင်း သေနတ်ကိုင်ထားသည့် လူတစ်ယောက်ကိုစိုက်ကြည့်နေလိုက်သည်။ထိုလူမှာလည်းတခြားလူမဟုတ်။ သူ၏သခင်ဟောင်း ပိုင်ကျားယွဲ့ဖြစ်သည်။

ပိုင်ကျားယွဲ့ကလည်း တစ်ဖက်တွင်အသွင်ပြောင်းဝံပုလွေများရှိသည်ကို သိသော်လည်း ထို၅ကောင်ထဲမှ ထူးခြားသော ခဲရောင်ဝံပုလွေကြီးအား အမှတ်ရသွားတော့ တအံ့တသြဖြစ်သွားလေသည်။ တစ်ဖက်မှာလည်း ဝံပုလွေအကောင်က ၁၀ကောင်ထက်မနည်းတာမို့ သေနတ်ပါပေမဲ့လည်း တောထဲကျင်လည်ကျက်စားနေသည့် ဝံပုလွေများကို အနီးကပ်တွေရတော့ မနိုင်တော့။ အခြေအနေက မကောင်းတော့ ပိုင်ကျားယွဲ့က စမ်းချောင်းတစ်ဖက်ကိုလှမ်းကြည့်လိုက်ရာ ခဲရောင်ဝံပုလွေကြီးက ခေါင်းကို ဆက်ပြတာမို့ နောက်လိုက်အဖွဲ့သားတွေကို သတိပေးရင်း စမ်းချောင်းတစ်ဖက်သို့ကူးခိုင်းလိုက်သည်။

GRAYOnde histórias criam vida. Descubra agora