5

7.9K 786 37
                                    

(Zawgyi Version)
  
G1 က ပိုင်ကျင်းကို ပွေ့ချီရင်း အိမ်ထဲမှထွက်ကာ ကားပေါ်သို့တင်ပေးသည်။ ငေးကြည့်နေသော လူများကိုလည်း တစ်ချက်မှလှည့်မကြည့်ဘဲ မစ္စရန်ကိုသာ ပိုင်ကျင်းအား ဘေးနားမှထိန်းပေးထားရန် တောင်းဆို၏။

စကားအတိုင်း မစ္စရန်က ကားထဲဝင်ကာ ပိုင်ကျင်းကိုထိန်းကိုင်ပေးထားသည်။သို့သော် အလွန်အမင်း ကိုယ်လက်မအီမသာဖြစ်နေသော ပိုင်ကျင်းက လေများပျို့တက်လာကာ မူးနောက်သော ဝေဒနာအား အပြင်းအထန်ခံစားနေရသည်။

"မြန်မြန် မောင်းလိုက်တော့ "

တကယ်တမ်း မစ္စရန်ပြောစရာမလိုအောင် G1 က ကားအား အရှိန်ပြင်းစွာ မောင်းနှင်နေသည်။

ဦးလေးလုန် ပြောသည့်လိပ်စာအတိုင်းသွားပြီးနောက် ဆေးရုံတစ်ရုံအား မြင်လိုက်ရသည်။

ပိုင်ကျင်း၏အမြင်အာရုံများမှာ တဖြည်းဖြည်းဝေဝါးလာသည်။ တခြား omega ဆိုလျှင် ယခုကဲ့သို့ အခြေအနေ၌ သတိရှိနေလိမ့်မည်မဟုတ်တော့။

ပိုင်ကျင်းမှာ omega တစ်ယောက်ဖြစ်သော်ငြား စိတ်ဓာတ်အလွန်မာသောကြောင့်သာ ယခုထိသတိကပ်နေခြင်းဖြစ်သည်။

သို့သော် သူ၏ ရင်ထဲတွင် အန်ချင်စိတ်များတဟုန်ထိုးဖြစ်ပေါ်နေကာ နဖူးတွင်သာမက တစ်ကိုယ်လုံးတွင် ချွေးများထွက်ပြီး ခြေလက်ဖျားများမှာ ရေခဲပမာ အေးစက်နေသည်။

မစ္စရန်ကလည်း ပိုင်ကျင်း၏ လက်ဖျားများအား စမ်းကာ ထိတ်လန့်နေသည်။

G1 က ကားရပ်ပြီးသည်နှင့် ပိုင်ကျင်းအား ပွေ့ကာ ဆေးရုံထဲသို့ ပြေးဝင်သည်။မစ္စရန်ကလည်း ဘေးနားကနေ လိုက်ပါလာကာ ဆရာဝန်ကို အော်ခေါ်၏။

ထို့နောက်တွင် သူနာပြုမလေးများက ဦးဆောင်ကာ ပိုင်ကျင်းအား အခန်းပြပေးသည်။ ခုတင်ပေါ်တင်ပေးပြီးသည်နှင့် ဆရာဝန်က G1 ကိုနောက်ဆုတ်စေကာ ပိုင်ကျင်းနှင့်ဝေးကွာစေသည်။

ထို့နောက် ဆေးတစ်လုံးထိုးပေးပြီး ပိုင်ကျင်းအား လိုအပ်သည့် ဆေးများစီစဉ်တော့သည်။ အခန်းထဲတဖြည်းဖြည်းလူရှုပ်လာ၍ ဆရာဝန်က G1 ၏ အနားသို့လာကာ အပြင်ထွက်ခိုင်းတော့သည်။

GRAYWhere stories live. Discover now