11

4.9K 643 33
                                    

(Zawgyi Version)
  
နေ့စဉ်နှင့်အမျှ ပိုင်ကျင်း၏ ခြေထောက်တွေက တဖြည်းဖြည်း ပြန်ကောင်းလာပြီး အရင်ကထက်ပိုကာ အချိန်ကြာကြာ လမ်းလျောက်နိုင်လာသည်။

ထို့အပြင် သူ၏ ဗိုက်ကလေးမှာလည်း အရွယ်အစားကြီးလာပြီး အင်္ကျီထူထူကြီးဖုံးထားလျှင်တောင် အနည်းငယ်သိသာနေသော အဖြစ်သို့ရောက်နေပြီဖြစ်သည်။

ကိုယ်ဝန်၈လရှိပြီဖြစ်သော ပိုင်ကျင်းမှာ အရင်ကထက်ပိုပြီး လေးလံလာသည်။ သွားရလာရခက်ခဲလာသည်။

တစ်ခုခုဖြစ်သွားမည်ကိုလည်း စိတ်ပူပန်ရသည်။

ကြာမြင့်သွားသည့်အချိန်အတွင်း G1 နှင့် သူ၏ ဆက်ဆံရေးက အရင်ထက်တော့ပိုကောင်းလာသည်။ လက်ထပ်ပေါင်းစည်းထားသော စုံတွဲမဟုတ်သော်လည်း G1 က အစစအရာရာအသေးစိတ်ဂရုစိုက်ကာ ပိုင်ကျင်းကို အချိန်ပြည့် စောင့်ရှောက်ပေးသည်။

သို့သော် ရံဖန်ရံခါဖြင့် G1 က အနားမှာမရှိတတ်။ သူ၏ လုပ်ငန်းတာဝန်ကလည်း ရှိနေသေးသည်မို့ ထိုအချိန်မျိုးတွင် ပိုင်ကျင်းအနား၌ မစ္စရန်က နေပေးတတ်သည်။

ပိုင်ကျင်းမှာ ဆေးရုံဆေးခန်းကလွဲပြီး တခြားနေရာကို သိပ်မသွားဖြစ်တော့ပေ။

ကိုယ်ဝန်က မွေးလထဲသို့မကြာခင်ရောက်တော့မှာမို့ အနေအထိုင်ကလည်း ဆင်ခြင်နေရသည်။

အရင်ကလောက်လည်း ပိုင်ကျားယွဲ့က မလာတော့။ သို့သော် လိုအပ်သမျှကိုတော့ မစ္စရန်ကနေတစ်ဆင့်ဖြည့်ဆည်းပေးသည်။

ပိုင်ကျင်းက ဒူးထိရှည်လျားသော အင်္ကျီပွပွဝတ်ထားပြီးနောက် အပေါ်ကလည်း ဆွယ်တာအရှည်ကြီးကိုဝတ်ထားသေး၍ သူ၏ ဗိုက်က အရမ်းကြီးတော့ သိသာမနေ။

မိုးပြာရောင် ဘောင်းဘီအပျော့သားအရှည်လေးကလည်း ဖြူဖွေးသော ခြေချင်းဝတ်ကိုထင်းနေစေကာ သန့်ပြန့်ပြီး ကြည့်ရကောင်းလွန်းလှသည်။

နွားနို့ခွက်ကို ကိုင်ပြီး သစ်ပင်များသာရှိသော ပတ်ဝန်းကျင်ကိုကြည့်နေစဉ် မြင်ကွင်းထဲသို့ဝင်လာသော ပိုင်ကျို့ယီကို မြင်လိုက်သည်။

ပိုင်ကျင်းအနေနဲ့ နည်းနည်းတော့ အံ့သြရသည်။ပိုင်ကျို့ယီက တစ်ခါမှ ဒီဘက်ကိုမလာဖူးချေ။

GRAYWhere stories live. Discover now