23

7.8K 873 57
                                    

(Zawgyi Version)
  
"လင်ရန်းရှုက ဘယ်လိုလူမျိုးလဲ ၊ သူက အသွင်ပြောင်းဝံပုလွေရော ဟုတ်ရဲ့လား"

တကယ်တမ်းလည်း ထိုကိစ္စက ပိုင်ကျင်းကို ဇဝေဇဝါဖြစ်အောင်ဖန်တီးနေပြီး စိတ်ထဲမှာလည်း မတင်မကျဖြစ်နေစေသည်။အသွင်ပြောင်းဝံပုလွေက သာမာန်လူတွေထက် နှစ်အနည်းငယ်ပို၍သာ နေနိုင်ကြပြီး သူတို့အသက် ၁၂၀လောက်ထိတော့နေနိုင်ကြသည်။ထိုနှစ်သို့သာရောက်ရှိသွားပါက သာမာန်လူသားတွေလိုပဲ အိုမင်းလာကာ  နေမကောင်းရင်း နာမကျန်းဖြစ်ရင်း ဘဝကို အဆုံးသတ်သွားကြသည်။ ဒီအကြောင်းကိုတော့ သူသိထားပြီးသားဖြစ်သည့်အတွက်ကြောင့် အထူးတလည်တော့မဖြစ်တော့ပေမဲ့ လင်ရန်းရှုက အကြောင်းက အရမ်းစိတ်ဝင်စားစရာကောင်းသည်မို့ သူမသိဘဲနဲ့လည်းမနေနိုင်တော့သည့်အဆုံး အိမ်နီးချင်းဖြစ်သည့် မုရုံကို မေးကြည့်လိုက်သည်။

"သူက တကယ်ကြီးရော အသက်၈၀ဟုတ်လို့လား?"

"လင်ရန်းရှုက ကျွန်မတို့ငယ်ငယ်လေးကတည်းက ကလေးတွေအသွင်ပြောင်းတာကို ကူညီပေူခဲ့တာ ။ သူ့လုပ်သက်က ကျွန်မမိဘတွေအသက်ထက်တောင်ကြီးနေမလားပဲ။အင်း သူ့အသက်က ၈၀ဆိုတာတော့ မလိမ်လောက်ဘူး အဲ့ထက်တောင်ကြီးချင်ကြီးနေဦးမှာ"

"အသွင်ပြောင်းဝံပုလွေတစ်ကောင်က အဲ့လောက်ထိ အသက်ရှည်လို့လား"

"ပိုင်ကျင်း ရှင်ကအခုမှဒီလောကအကြောင်းကိုသိတာဆိုတော့ အထူးအဆန်းဖြစ်နေတာပဲမဆန်းပါဘူး"

"ကျွန်တော်က အသွင်ပြောင်းဝံပုလွေတွေရှိတယ်ဆိုတာကိုတောင် အရင်တလောကမှသိတာ"

ပိုင်ကျင်းအနေနဲ့လည်း ထိုကိစ္စများရှိသည်ကို တကယ်ကိုမသိခဲ့။ ရိုးရိုးဝံပုလွေမျိုးစိတ် Alpha များအကြောင်းကိုသာသိထားပြီး အသွင်ပြောင်းဝံပုလွေတွေရှိတယ်ဆိုတာကိုတော့ ကလေးမွေးသည့်ညမှသာ မျက်မြင်ထင်ဝါးတွေ့ခဲ့၍ ယုံကြည်ခဲ့ရသည်။

"ရှင်တို့သိထားတဲ့ ဝံပုလွေမျိုးစိတ်ဆိုတာက သာမာန် Alpha ကိုမှ စစ်ဆေးကြည့်ရင် တခြား Alpha ထက်ပိုသန်မာနေတာရယ် သူတို့ရဲ့ဆဲလ်တွေထဲမှာ ဝံပုလွေဆဲလ်နည်းနည်းပညနေတာရယ်ကြောင့်ဝံပုလွေမျိုးစိတ်လို့ခေါ်ကြတာမလား"

GRAYDove le storie prendono vita. Scoprilo ora