(Zawgyi Version)
တဖြည်းဖြည်းဆောင်းရာသီဝင်လာတော့ အအေးဓာတ်က ပိုပြီးများပြားလာကာ အိမ်အပြင်ဘက်တွင်လည်း လေအေးအေးများက တသိမ့်သိမ့်တိုက်ခက်နေတော့ ပိုင်ကျင်းမှာ အိပ်ရာထဲကနေမထနိုင်ဖြစ်နေတော့သည်။ ကလေးတွေက အသွင်ပြောင်းလေးတွေဖြစ်တာမို့ အအေးဒဏ်ကို မကြောက်ကြဘဲ သားမွေးကောဇောလေးပေါ်တွင် ငုတ်တုတ်ထိုင်လျှက်ဆော့နေတော့သည်။ ၅လကျော်သာရှိသေးပေမဲ့တခြားကလေးတွေသာလွန်သာ ကြီးထွားနှုန်းကြောင့် နောက်၂လ၃လလောက်ဆိုရင် လမ်းတောင်လျောက်နေမလားမပြောတတ်။ တော်ရုံတန်ရုံလည်းမထိန်းရသလို၎ယောက်ဆိုတော့ အဖော်ရှိနေပြီး သူတို့အချင်းချင်းသာ ဆော့ကစားရင်း နေတတ်တာမို့ ပိုင်ကျင်းတို့လည်း သိပ်တော့မပင်ပန်းတော့ချေ။အရင်ကဆို မိုးလင်းတာနဲ့ စောင်ကိုထပ်ခြုံ၊ပိုပြီးကွေးလို့တစ်ယောက်တည်းအအေးဓာတ်ကိုအံတုရပေမဲ့ ယနေ့မှုတော့ သူ၏ ခန္ဓာကိုယ်က အရင်ကလောက်အအေးဓာတ်ကိုမခံစားရတော့ဘဲ အနွေးဓာတ်လေးက သူ့တစ်ကိုယ်လုံးကိုလွှမ်းခြုံနေပြီး ခံစားချက်က အလွန်ကောင်းမွန်လှသည်။
"အေးနေသေးလား"
စောင်ထူထူက သူ့အပေါ်ကိုရောက်လာပြီးသူ၏ ကိုယ်လုံးကလည်းဘောလုံးလေးလို ပိုမိုကွေးလိုက်တော့ နောက်ဘက်တွင်ရှိသည့်ကျောပြင်ကြီးနှင့်ထိစပ်သွားကာ အနွေးဓာတ်က သူ့ဆီသို့ကူးလူဖြတ်သန်းနေတော့သည်။
"ဟင့်အင်း "
ခေါင်းခါရင်း ကိုယ်လုံးလေးကို ကျစ်နေအောင်ကွေးတော့ သူ့ခါးပေါ်က လက်ကလည်း ပိုပြီးတင်းတင်းကြပ်ကြပ်ဖြစ်သွားတာကိုခံစားလိုက်ရသည်။ပိုင်းကျင်းက ပြုံးစိစိဖြစ်သွားရင်း ကိုယ်လုံးကို အနည်းငယ်ကြွပြီး တစ်ဖက်ကိုလှည့်လိုက်တော့ သူမြင်ရတာ ချောမောခံ့ညားသော မျက်နှာမဟုတ်ဘဲ အဝတ်ဗလာဖြစ်နေသော တောင့်တင်းလှသည့် ရင်အုပ်ကျယ်ကျယ်သာဖြစ်သည်။
"မင်းကိုယ်က နွေးနေတာပဲ"
"____"
"ငါတော့ အနွေးလုံးကြီးရ ထားတာပဲ ၊ ဒီနှစ်ဆောင်းတွင်းတော့အဆင်ပြေပြီ"
တကယ်ကို G1 ၏ ကိုယ်က နွေးထွေးလှပြီး ပိုင်ကျင်းကိုလည်းနွေးနွေးထွေးထွေးဖြစ်အောင်လုပ်ပေးနိုင်တာမို့ ရာသီဥတုနှင့်အဆင်ပြေနေတော့၏။ ဘယ်လောက်ပဲအေးနေပါစေ G1 ၏ အသားနှင့်ထိကပ်ရင်း ညအိပ်သည့်အခါမှာလည်း ရှက်ရွံ့မနေတော့ဘဲ ရင်ခွင်ထဲတိုးဝင်ရင်း လုပ်သင့်လုပ်ထိုက်တာတွေကို မျက်လုံးစုံမှိတ်ရင်း နှစ်ယောက်သားလုပ်ဖြစ်ခဲ့ကြသည့်အတွက် အရင်နေ့တွေကထက်ပိုပြီးနွေးထွေးနေတော့သည်။