(Zawgyi Version)
" G1 "ပိုင်ကျင်းက ခပ်တိုးတိုးလေးခေါ်လိုက်သည်။ သူ၏ အသံက အနည်းငယ် တုန်ယင်နေပြီး အံ့သြမှုများလည်း ပါဝင်နေသည်။
G1 က မတ်တတ်ရပ်ကာ နောက်သို့လှည့်ကြည့်လာသည်။ သူ၏ မျက်နှာသည်သာမာန်ထက်ပို၍ ဖြူစုတ်နေပြီး အမြဲတမ်း ရို့ကျိုးတတ်သော ပုံသဏ္ဍာန်က ပျောက်ကွယ်နေလျက်ရှိသည်။
ပိုင်ကျင်း၏ အကြည့်ကိုမြင်တော့ G1 က မျက်လွှာချသည်။ လက်တွင်ပေနေသော ဟိုက်ချန်၏ သွေးများကို ပိုင်ကျင်းက မြင်သော် အသက်ဝဝရှူကာ မျက်လုံးကိုလည်း ခေတ္တမှိတ်ထားလိုက်သည်။
ပိုင်ကျားယွဲ့ကလည်း အံ့သြသွားကာ G1 ကိုလက်သီးဖြင့် ထိုးလိုက်ပြီး။
" ရူးနေတာလား !မင်းဘာလုပ်လိုက်တာလဲ !"
ပိုင်ကျားယွဲ့က ဒေါသတကြီးဖြစ်သွားကာ G1 ကို အော်ငေါက်တော့သည်။ G1 က ဘာမှမပြောဘဲ မလှုပ်မယှက်သာရပ်နေသည်။
သူက သွေးတွေပေးနေတဲ့ လက်တစ်ဖက်ကိုကျစ်နေအောင်လက်သီးဆုပ်ထားပြီး ခေါင်းကိုလည်းငုံ့ထားသည်။ တစ်ချက်တစ်ချက်မှာ ဝှီးချဲပေါ်ထိုင်နေသော ပိုင်ကျင်းကိုလည်း လှမ်းကြည့်သည်။
သို့သော် ပိုင်ကျားယွဲ့က စိတ်မအေးနိုင်ဘဲ ကြမ်းပြင်ပေါ်သွေးအလိမ်းလိမ်းနှင့် လဲကျနေသော ဟိုက်ချန်၏ အနားသို့သွားသည်။ ထို့နောက် အခန်းထဲသို့ G2 က ပြေးဝင်လာကာ ဟိုက်ချန်၏ အနားထိုင်ပြီး နှာခေါင်းကို စမ်းလိုက်သည်။
လက်ကိုရိုက်ခက်နေသော လေအနည်းငယ်ကြောင့် G2 က ခေါင်းညိတ်ကာ ပိုင်ကျားယွဲ့ကိုကြည့်၍
" အသက်ရှိသေးတယ် သခင်ကြီး ။ ကျွန်တော်တို့ဆေးရုံပို့လိုက်ရင်အသက်ရှင်နိုင်တယ်"
"ဆေးရုံပို့လိုက် ၊ သတင်းမပြန့်အောင် သေသေချာချာလုပ် ၊ တခြားပြဿနာတွေဝင်မလာအောင် ကြည့်ထား"
"ဟုတ်ကဲ့"
ထို့နောက် G2 နှင့် နောက်ထပ် နှစ်ယောက်က ဟိုက်ချန်ကိုသယ်ကာ အခန်းထဲက ထွက်သွားကြလေသည်။
အခန်းထဲတွင် သူတို့၎ယောက်သာ ကျန်ခဲ့သည်။ ပိုင်ကျားယွဲ့က ဒေါသမပြေသေးဘဲ G1 ကိုသာ လက်သီးဖြင့် နှစ်ချက်ဆက်တိုက်ထိုးလေသည်။