21

5.9K 742 36
                                    

(Zawgyi Version)
  
"ရွယ်ချန်"

အနည်းငယ်ရန်လိုနေသေးသည့် သတ္တဝါကြီးက ပိုင်ကျင်းအား ထိခိုက်မည်ကိုစိုးရိမ်နေပုံရသည်။ရှေ့ကနေပိတ်ရပ်နေပြီး လူ၃ယောက်ထံကနေကာကွယ်ပေးထားသည်။ ပိုင်ကျင်းခေါ်သည်ကိုလည်း ဂရုမထားဘဲ တိုက်ခိုက်ရန်အသင့်ဖြစ်နေသည့် ပိုင်ကျင်းက ရှေ့မှ၃ယောက်ကိုကြည့်ကာ ဆိုလိုက်သည်။

"တကယ်ပဲ ခင်ဗျားတို့က သူလိုပဲလား ။အသွင်ပြောင်းတွေ"

"မျက်စိရှေ့မှာ မြင်နေရတာတောင်မယုံလား"

"ကျွန်တော်က ဘယ်တာကိုမှအလွယ်မယုံဘူးလေ"

ပိုင်ကျင်းက ပြောတော့ ထိုလူက ခပ်ဟဟရယ်သည်။

"ကျွန်တော်တို့ဆီကို ဘယ်လိုလုပ်ရောက်လာတာလဲ"

ထိုသူက G1 ကိုကြည့်လိုက်ပြီးမှ နောက်က ကလေးတွေကိုလည်း စိုက်ကြည့်လိုက်သေးတာမို့ ပိုင်ကျင်းမှာ ကလေးတွေအတွက် စိုးရိမ်သွားရ၏။

"ဒီတိုင်းဆက်နေရင် မင်းတို့အန္တရာယ်ရှိမှာပဲ။ဒီတစ်ဝိုက်မှာက မုဆိုးတွေလာတယ်..ပြီးတော့ တခြားသတ္တဝါတွေရဲ့နယ်မြေနဲ့လဲ နီးနေတယ်"

"တခြားသတ္တဝါ? ဘာကိုပြောချင်တာလဲ"

"အရှင်းဆုံးပြောရရင် ဒီနေရာက မလုံခြုံဘူးဆိုတာကိုပဲ ၊ အဲ့တာကြောင့် ငါတို့နဲ့လိုက်ခဲ့ဖို့ မင်းတို့ကိုလာခေါ်တာ"

ပိုင်ကျင်းက စိတ်ဝင်တစားဖြစ်သွားပြီး မျှော်လင့်ချက်ရှိလာသလိုလည်းခံစားလိုက်ရသည်။

"ခင်ဗျားတို့ကို ယုံလို့ရလား"

"အသွင်ပြောင်းတွေက ကိုယ့်မျိုးစိတ်အပေါ်သစ္စာရှိတယ် ။အခုရောက်လာတာလဲဒီတစ်ကောင်အတွက်ပဲ"

ထိုလူက G1 ကို မျက်စပစ်ကာ ဆိုလာတော့ ဝံပုလွေကြီးက မာန်ဖီလာသည်။

ထိုလူက ခပ်ဟဟရယ်လျက်

"သူ လူပုံပြန်မပြောင်းတတ်ဖြစ်နေတာ"

"ခင်ဗျားတို့သိလား"

ပိုင်ကျင်းက အနက်ရောင်ဝံပုလွေလေးကို ကောက်ယူကာ လက်မောင်းများကြားပွေ့ဖက်ထားရင်း

GRAYOù les histoires vivent. Découvrez maintenant