(Zawgyi Version)
ရာသီဥတုက အေးသည်မို့ မစ္စရန်က အနီရောင်ဆွယ်တာကိုထုတ်ပေးလာသည်။ ပိုင်ကျင်းက အဝတ်အစားနှင့်ပက်သက်ပြီး ချေးမများတတ်သာကြောင့် အမြဲတမ်းလိုလို မစ္စရန်ကသာ အဝတ်အစားမျာကို စိတ်ကြိုက်ဝယ်ပေးတတ်သည်။ဝတ်ဆင်သည့်အခါတွင်လည်း သူမကသာ ပိုင်ကျင်းကို ဆင်ယင်ပေးတတ်သည်။
အနီရောင်စွယ်တာကို ဝတ်ကာ ဝှီးချဲကို ယူလာသော R1 ကို ကြည့်ကာ ပိုင်ကျင်းက ဆိုလိုက်သည်။
" လမ်းလျောက်သွားမယ်"
မစ္စရန်က မျက်လုံးပြူးကာ
" ဖြစ်ပါ့မလားသခင်လေး"
"ဖြစ်ပါတယ် အမြဲတမ်းဝှီးချဲနဲ့သွားနေရတာမှအဆင်မပြေတာ အလေ့အကျင့်ပြန်ဖြစ်အောင် လမ်းလျာက်သွားကြတာပေါ့"
မစ္စရန်က ဘာမှမပြောတော့ဘဲ ခေါင်းညိတ်ပြသည်။ ထို့နောက် ၃ယောက်စလုံး အောက်ထပ်ရှိ G1 ကို ထိန်းသိမ်းထားသော အခန်းဆီသို့ ဦးတည်လိုက်သည်။
ပိုင်ကျင်း၏ ခြေထောက်များက အနည်းငယ်သက်သာနေပြီဖြစ်သည်။ ခါတိုင်း မိနစ်၂၀ခန့်ရပ်လျှင်တောင် ထုံကျင်လာတတ်ပြီး ထိုင်ချလိုက်မှ အဆင်ပြေသည်။
သို့သော် အဆင့်ဆင့်သွားရသော အခန်းဆီသို့ ပိုင်ကျင်းမှာ ဝှီးချဲအားမကိုးဘဲ ကိုယ်တိုင်လမ်းလျောက်ကာ သွားလာနိုင်နေပြီဖြစ်သည်။
သို့သော် R1 နှင့် ဘေးနားရှိ မစ္စရန်ကတော့ အရိပ်တကြည့်ကြည့်ဖြစ်သည်။ မစ္စရန်က ပိုင်ကျင်းကို လမ်းမလျောက်နိုင်တော့ရင် ပြောရန် ခဏခဏမှာနေသေးသည်။
အတန်ငယ်လမ်းလျောက်ပြီးနောက် အခန်းရှိသည့် အထပ်သို့ရောက်ရှိလာကြပြီ။ပိုင်ကျင်းက ခြေလှမ်းကိုခဏရပ်ကာ ဘေးနာရှိ နံရံကိုလက်ထောက်လိုက်သော် R1 က
" သခင်လေး အဆင်ပြေရဲ့လား ?"
ပိုင်ကျင်းက ခေါင်းညိတ်ပြီး
" ပြေတယ် ခဏနားတာ"
"ကျွန်တော် ဝှီးချဲယူပေးရမလား"
မစ္စရန်က ပိုင်ကျင်း၏ ပခုံးကိုကိုင်ပြီး စိုးရိမ်စွာမေးလေသည်။
