Ep 1 နေမင်းခ Unicode /Zawgyi

26.7K 398 6
                                    

"ဖျတ်ချလိုက်"

ဧည့်ခန်းမကြီးတစ်ခုလုံးငြိမ်သတ်နေတဲ့အချိန်ထွက်လာတဲ့ဒီအသံက ရှိတဲ့လူအားလုံးရဲ့ရင်ထဲကို အရှိန်နဲ့ထိုးဖောက်လာသည်။

နိုင်ငံခြားဖြစ်အမွှေးပွ ကော်ဇောအပြည့်ခင်းထားပြီး ပန်းချီ ပန်းပုလက်ရာကောင်းများ......
ကနုတ်ပြည့်နှင့် မဂ်လာဓာတ်ပုံ ဘောင်ကြီးကလည်း တင့်တယ်စွာရှိနေသည့်ဒီခမ်းမကြီးအလယ်မှာ ကျွန်းဆက် တီခုံ အကောင်းစားထိုင်ခုံ
ကြီးကနေရာယူထားလေသည်။

ကြည့်ယုံဖြင့် လူကိုရှိန်သွားစေနိုင်သည့် ပစ္စည်းများက မည်မျှ ချမ်းသာကြွယ်ဝကြောင်းကို ထုတ်ပြောစရာပင်မလို ...

ဤအသံက
ကျွန်းဆက်တီကြီးပေါ်မှာ ခါးမတ်မတ်နှင့်
ခြေထောက်ကိုချိတ်ထိုင်နေသည့် အလွန်လှပ
သည့် အမျိုးသမီးကြီးမှပြောလိုက်တဲ့စကားပင်။

ပြောလိုက်တဲ့စကားတွေမှာနာခံစေနိုင်တဲ့ သြဇာအာဏာတွေ ခမ်းနားမှုအပြည့် ဆိုတာအသံကြားရုံနဲ့သိနိုင်တယ်။

"ရှင် ..မေမေကြီး "

အသံသေးသေးဆိုမှ တကယ့်သေးသေးလေး
ငိုသံစွတ်နေတဲ့ ဒီကောင်မလေးမျက်နှာရဲ့ တစ်ခြမ်းကတော့ ရောင်ကိုင်းနေလေရဲ့

"မလုပ်...မလုပ်ပါနဲ့မေမေကြီးရယ် ကျွန်မ... "

တုန်တုန်ယင်ယင်နဲ့ပြောလိုက်တဲ့သူမ
စကားဆုံးအောင်တောင်မပြောလိုက်ရပါ။

"ဘာ? ! ...မလုပ်ပါနဲ့ ဟုတ်လား ညည်းဘယ်ချိန်ကငါ့ကို ပြန်ခံပြောတက်သွားရဲတာလဲ ဟမ်?
အတက်ကောင်းတွေတက်နေပါ့လား နင့်ကိုဘယ်သူသင်ပေးလိုက်တာလဲ ရီထွေး ..
မဖျတ်ချ ချင်တော့ညည်းကဘာလုပ်ချင်သေးလို့လဲ.. ငါ့သားကို မြှူဆွယ်တုန်းကဒီရုပ်မဟုတ်ပါဘူးအေ ..ဘာလဲ..နင်က ငါ့ချွေးမရဲ့နေရာကိုရမယ်ထင်နေတာလား ဒီကိုယ်ဝန်ဖြစ်လာတာနဲ့ဟမ် "

ကျွန်းဆက်တီကြီးပေါ်မှာ ​ခြေထောက်ကိုချိတ်ပြီးမာန်ပါပါနဲ့ပြောနေတဲ့ ထိုအမျိုးသမီးကြီးသည်

ကျက်သရေရှိသည် လှပသည် တင့်တယ်သည် ဆိုသည့် ဂုဏ်ပုဒ်တွေအပြည့်ဖြင့်ဒေါ်တင်မမ ၏မျက်နှာသည် အလုပ်သမားတွေရှေ့ဆိုရင်တော့ စောနစကားလုံးတွေနှင့် ဆန့်ကျင်စွာ အပြုံးအရယ်မရှိ မျက်ခုံးနှစ်ခု အမြဲတွန့်ချိုးနေတက်ပြီး အေးစက်စက် မျက်လုံးတွေနှင့်သာ ..

ချစ်သော သာမန်Where stories live. Discover now