Ep-26

5.2K 168 9
                                    

Unicode......

နှင်းလွန်းအိမ်တို့ နှစ်ယောက် တိုင်ပင်ထားစရာမလို ထိုနေရာအပြေးသွားပြီးဆွဲထူကြတော့သည်။

"သူဌေး..သူဌေး.."

နှင်းလွန်းအိမ်ကပြေးပွေ့ပြီးလှုပ်နှိုးနေသလို စိုင်းခန့်ကလည်းကြမ်းပြင်မှ ဆွဲထူဖို့ကြိုးစားနေတော့သည်။

ထိုအချိန်တွက်သူဝတ်ထားသည့် Suit ကပေါက်ပြဲနေပြီး သူမတို့ ဆွဲထူလိုက်ချိန်တွင်တော့..ဝမ်းဗိုက်နားနှင့် ရင်ဘက်နားရှိ ပေါက်ပြဲနေသောနေရာများမှ သွေးများစိမ့်ထွက်လာသည်။

သူမတို့ နှစ်ယောက် အလွန်ပင် ထိတ်လန့်သွားပြီး
တုန်တုန်ယင်ယင် ဖြစ်ကာ ဘာဆက်လုပ်ရမှန်းမသိအောင်ကို တိတ်ဆိတ်၍ကြောက်လန့်သွားရသည်။

ခဏနေမှ အာရုံကို အတင်းစုစည်းပြီး

ပထမဆုံးလုပ်ရသည်က အသက်ရှိမရှိ စမ်းကြည့်မိပြီး သွေးခူန်နှုန်းရှိနေသည်တော့မှ သူမသတိကပ်ရတော့သည်။ သူမအစိုးရိမ်လွန်နေပြီဖြစ်ပြီး ဘာစကားမှမထွက်လာနိုင်ပဲ ရင်ဘက်ထဲတွင်
ဗလောင်ဆူနေပြီ။

"အကို မလှုပ်နဲ့မလှုပ်နဲ့ဖြေးဖြေးပဲ"

လှုပ်နှိုးနေရာမှ သူမရင်ခွင်ထဲပိုက်ထားပြီး ကိုစိုင်းခန့်ကို

"အကို...အကို အရေးပေါ်..အရေးပေါ်ကားခေါ်လိုက် ဆေးရုံသွားရအောင်"

စကားတွေအထစ်ထစ်အငေါ့ငေါ့နှင့်ကိုစိုင်းခန့်ကိုကြည့်ပြီးပြောတော့ ကိုစိုင်းခန့်မှာလည်း ဇောချွေးများပြန်နေပြီး သတိလက်လွတ်ဖြစ်နေပေပြီ။

ပြီးတော့မှ ဖုန်းကိုတုန်တုန်ရီရီနှင့်ထုတ်ကာ ဖုန်းဆက်ဖို့ပြင်တော့ လက်များတွင် ချွေးများကြောင့်ရော လက်ကတုန်ရီနေသောကြောင့် ဖုန်းတောင်ဖွင့်မရပဲ အလွဲလွဲအချော်ချော်ဖြစ်နေရသည်။

စိုင်းခန့်အကြောက်လွန်သောသည့် ကိုယ့်ကိုကိုယ် စိတ်ကလည်း တိုလာပြီး

'ကျစ်.. ဒီ'

စိတ်သက်သာလိုသက်သာငြား စိတ်ထဲတွက်ကျိန်ဆဲရင်း အရေးပေါ်ဖုန်းကိုနှိပ်လိုက်တော့သည်။
နှင်းလွန်းအိမ် မှာလည်း သွေးထွက်နေသည့်ဒဏ်ရာများကို သွေးထွက်မလွန်အောင်ကြိုးစားနေရှာနေသည်။
သို့သော်လည်း သွေးတွေကတော့ သူမဘေးနားတွက်အိုင်ထွန်းလို့

ချစ်သော သာမန်Where stories live. Discover now