Unicode....
ချွတ်....
ညသန်းခေါင်ယံအချိန်ကြီး သူမ နားထဲ လူလျှောက်သံ တချွတ်ချွတ်နဲ့ ကြားနေတော့ အိပ်မှုန်စုံဝါးနှင့်နိုးလာခဲ့သည် ။
ဘာလဲ အိပ်မက်လား?
အိပ်ချင်မူးတူး နှင့် သေချာနားထောင်ရင်း အသံကတဖြေးဖြေးနီးလာသလိုခံစားရနေပြီ။
ရင်တွေ တဒုန်းဒုန်း နဲ့ခုန်နေပြီး သူခိုးလား သူမတို့အိမ်မှာခိုးစရာဆိုလို့ စက္ကူ စုတ်တောင်မရှိ ...
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်
သူမသားလေးကို ဖတ်ပြီးအသံကိုသေချာနားထောင်နေမိသည်။အိမ်ကြမ်းခင်းကိုနင်းသည့်အသံကြားချိန်တွင်တော့ ..
" ဘယ်သူလဲ "
သူမအသံပြုလိုက်တော့ခြေသံရပ်သွားသည်။
သူမရင်တွေတစ်ကယ်တုန်နေချေပြီ။အိမ်ပေါ်လူတစ်ယောက်ရောက်နေတာသေချာပြီ
အော်လိုက်ရမလား တွေးနေရင်း ခေါင်းရင်းနားမှာထားတဲ့ မီးခြစ်နဲ့ ရေနံဆီခွက်ကို ဖြေးဖြေးချင်း လက်လှမ်းလိုက် ပြီး မီးထွန်းလိုက်သည့်အချိန်တွင်တော့....လူအရိပ်မဲတစ်ခုက သူမဆီအပြေးလာပြီး ပါးစပ်ကို လက်ဝါးကြမ်းကြမ်းဖြင့် လှမ်းပိတ်တာကို ခံလိုက်ရလေသည်
"ခွေးမ တစ်အားလျှင်နေတယ်ဟုတ်လား
ငြိမ်ငြိမ်နေမအော်နဲ့"လို့ပြောရင်းသူမ အပေါ်သို့အတင်းတက်လာကာ အကျီတွေကိုဆွဲ ဖြဲနေလေသည် ။
ရေနံဆီမီးခွက်မှ မီးရောင်ကတစ်ဆင့် ထိုလူ၏ မျက်လုံးထဲမှ တဏှာမီး တောက်နေသည်ကို ရွံရှာစွာမြင်တွေ့ရသည်။
သူမ ရှိသမျှအားနှင့် သူမအပေါ်မှထိုလူအား ကုတ်ဖဲ့ရင်း ရုန်းကန်နေမိသည်။ ပါးစပ်ကိုအတင်းအုပ်ထားတယ်လက်ကို သွားနှင့် အားပါပါကိုက်ပြီး လုံးဝမလွှတ်ပဲ မျက်နှာကို ကုတ်ဆွဲပလိုက်တော့သည်။
ထိူလူကနာကျင်လွန်းပြီးအံကြိတ်သံဖြင့်
"ကောင်မ သေချင်နေတာလား အေးနင်ဒီနေ့ငါ့လက်ကမလွတ်ဘူး"
YOU ARE READING
ချစ်သော သာမန်
Romanceငါသူ့ကိုပျော်စေချင်တယ် သူလိုချင်တယ်ဆိုတဲ့သာမန်ဘဝလေးကိုငါပေးချင်တယ် ငါ့မှာစည်းစိမ်အပြည့် ဉစ္စာအပြည့်နဲ့ ခမ်းနားမှုအကုန်ရှိတယ် သူလိုချင်တာအကုန်ဖြည့်စည်းပေးနိုင်တဲ့ အာဏာရှိတယ် အရာအားလုံးသူ့အတွက်စွန့်လွှတ်ပေးနိုင်ပြီး အကောင်းဆုံးဆိုတဲ့ အရာအားလုံး ငါပေ...