Unicode.......
"တစ်ကယ်!"
"အေး တကယ်ပါဆို.. ကြည့်ကြည့် ဥပမာ ဟိုဆိုဖာကိုပဲ ကြည့် အဲ့တာနဲ့တင်သိနိုင်တယ်"
နွယ်လေးနှင့် ဖြူဖြူသွဲ့ တို့နှစ်ယောက်
ထူးထူးဆန်းဆန်း ကို ပူးကပ်ပြီးခေါင်းချင်းဆိုင်နေကြတာ..
ပြီးတော့တိုးတိုးနှင့်နှစ်ယောက်သားဘာတွေကြံနေမှန်းမသိ...
ဒါကို နှင်းလွန်းအိမ် တင်မဟုတ် သီဟနှင့် ဇင်ဟိန်းက ပါသတိထားမိသည်။
မျက်နှာဆိုင်တာနှင့်ရန်ဖြစ်နေသည့် နှစ်ယောက်က ပူးကပ်လို့..."ဟမ်း..ရွှီးပြန်ပြီ ကျန်တာလက်ခံတယ် အဲ့တာတော့လက်မခံဘူးငါကြည့်တာတော့ ဘာမှမထူးခြားဘူး ပုံမှန် ဆိုဖာလိုပဲ"
"ကျစ်! တောသူမ အဲ့တာကြောင့် ဘာမှမသိတာ လအမ!... West Elm တံဆိပ်ဟဲ့! အဲ့တာ "
နွယ်လေးမှာလည်း သူ့ကိုပစ်ပြစ်နှစ်နှစ်ဆဲနေတာကိုမမှုနိုင်.....
သူမ မယုံကြည်စွာထပ်မေးလိုက်မိသည်။ တစ်ကယ် ဘာမှမထူးခြားတဲ့ ဆိုဖာပါပဲ
ရိုးရိုးလေးပဲ.. အင်း ဒါပေမဲ့ မိုက်တယ်လို့တော့ခံစားသား...."ဟုတ်လို့လား"
"ရှာကြည့် သိလိမ့်မယ်"
"နင်ပြကြည့်လေ ပြရင်ယုံမယ်"
"အောင်မာ သိချင်ကိုယ့်ဘာသာရှာပါလား"
"မရှာဘူး"
"မရှာလည်းနေ "
"အဲ့တာဆိုမယုံဘူး "
"နွယ်နွယ်ခင် မ!"
တစ်စထက်ထက်တစ်စ နှစ်ယောက်သားအသံကျယ်လာလာပြီး စကားများနေတော့မှ
သီဟတို့ ၃ ယောက်လည်း သံသယမဝင်တော့ပဲ
ပုံမှန် ဖြစ်နေကြလိုပင် လျစ်လျူရှူ့လိုက်ကြတော့သည်။ဒါကို တီလေးကတော့ မသိ...
မီးဖိုချောင်ထဲမှာ အသားကြော်နေရင်းမှ သူမတို့ဘက်လှည့်ကြည့်ပြီး။"အို ကလေးတွေ ရန်ဖြစ် နေကြတာချစ်ဖို့ကောင်းလိုက်တာ"
သူမတို့တစ်သိုက်
"...?????''
တီလေး ကအစမို့လို့ပါ မသိသေးလို့ပါ နောက်ကျ ဘယ်လောက်စိတ်ညစ်စရာကောင်းလဲ သိလိမ့်မယ်ဟု သီဟနှင့် ဇင်ဟိန်းက စိတ်ထဲမှရေရွတ်လိုက်ကြသည်။ နှင်းလွန်းအိမ်ကတော့ ပြုံးပြုံး ပြုံးပြုံး နှင့် မီးဖိုချောင်ထဲမှ မုန့်များကို သယ်နေတော့သည်။
YOU ARE READING
ချစ်သော သာမန်
Romanceငါသူ့ကိုပျော်စေချင်တယ် သူလိုချင်တယ်ဆိုတဲ့သာမန်ဘဝလေးကိုငါပေးချင်တယ် ငါ့မှာစည်းစိမ်အပြည့် ဉစ္စာအပြည့်နဲ့ ခမ်းနားမှုအကုန်ရှိတယ် သူလိုချင်တာအကုန်ဖြည့်စည်းပေးနိုင်တဲ့ အာဏာရှိတယ် အရာအားလုံးသူ့အတွက်စွန့်လွှတ်ပေးနိုင်ပြီး အကောင်းဆုံးဆိုတဲ့ အရာအားလုံး ငါပေ...