Ep-15

6.2K 168 4
                                    

Unicode....

နှင်းလွန်းအိမ် ဖုန်းပြောလို့အပြီး ပြန်လှည့်ထွက်လာချိန်တွင်တော့ သူမအနားသို့ ဉီးနေမင်းခ ရောက်လို့လာတော့သည်။

''အရင်ဆုံး လိုက်ခဲ့ငါနဲ့''

''အမ်''

'' မအမ်နဲ့.. မင်း ကိုယ့်ပုံကိုယ်လည်း ပြန်ကြည့်ဉီး
ကောင်မလေး ဘယ်လိုလေးဖြစ်နေပြီလဲလို့''

သူပြောတော့မှ ကြောင်တောင်တောက်နှင့်သူမကိုယ်သူမပြန်ငုံ့ကြည့်မိပြီး အခြေ
ေအနေကိုသဘောပေါက်သည့်အလား မျက်နှာတစ်ခုလုံးရဲကာ သူ့ကိုသက်သေပြနေလေရဲ့...

နေမင်းခ ကောင်မလေးရဲ့ ခေါင်းစည်းကွင်းလေးကို ညင်သာစွာလှမ်းဖြူတ်တော့
အို ဆိုပြီ သူမခေါင်း​လေးကို ကမန်းကတန်း လှမ်းအုပ်တော့သည်။

''ဘာမှမလုပ်ပါဘူးကွာ.. မင်းဆံပင်တွေပုံပျတ်နေပြီ ''

ပြောပြီး ခေါင်းစည်းကွင်းလေးကို သူ့လက်ကောက်ဝတ်သို့ သူတောင်သတိမထားမိခင် ဝတ်လိုက်ပြီး ကောင်မလေးက တော့ သူ့ဆံပင်ကိုသပ်ရပ်အောင်ပြင်နေသည့် အတွက်...

'' ပြီးပြီလား.. ကလေးမ''

သူမဆံပင်သပ်နေတုန်းရှိသေးသည် သူ့ဆီမှ အသံပြုလာသည်မို့..တော်တော်စိတ်မရှည်တဲ့လူ...

'' ဘာလုပ်မို့လဲ''

အမြဲတမ်း သူပြောရင် မေးခွန်းပြန်မထုတ်တဲ့အချိန်ကိုမရှိဘူး...

''မင်းဒီပုံတိုင်းနေမှာလား..လာ''

နေမင်းခ အတော်ဆွဲဆန့်ထားရသည့်စိတ် စောင့်ပေးထားရသည့်အချိန်တွေကို အောင့်အီးပြီးသည့်အလွန်တွင်တော့ သူ့ရှေ့မှကောင်မလေး ၏ လက်သေးသေးလေးကိုဆွဲကာ ကားဆီသို့ ခေါ်လာလိုက်တော့သည်။ သူ့လက်ဖဝါးထဲမှာ နစ်မြုပ်သွားတဲ့ လက်ကလေးတွေက သူ့ကိုအနွေးလေးပေးနေသည်ကိုခံစားရသည်။

သူမကိုကားပေါ်သို့ အတင်းအ​ကြပ်
လည်း မဟုတ် သူမသဘောဆန္ဒအလျောက်ဟု
ဟုလည်းမဆိုသော အခြေအနေနှင့် ကားပေါ်သို့ ငြင်သာစွာတွန်းတင်ခံလိုက်ရတော့ သည်။

နေမင်းခ တွေးမိနေတာ သူမရဲ့လက်ကို ဒါ ဒုတိယအကြိမ် သေချာစွာကိုင်မိခြင်းဖြစ်ပြီး
လူတယောက်၏လက်မှနွေးထွေးမှုက ဒီလောက်ထိနူးညံ့နေလိမ့်မည်သူမသိခဲ့....

ချစ်သော သာမန်Where stories live. Discover now