Unicode...
နှင်းလွန်းအိမ် စက်ဘီးလေးပေါ်က ဆင်း၍ ခြံ
တံခါးဖွင့်ဖွင့်ခြင်း တွေ့ရတာက သူမပန်းပင်များကို ရေလောင်းထားတာ ကိုတွေ့လိုက်ရသည်။နှင်းလွန်းအိမ် သူမလက်ထဲကစက်ဘီးကိုပစ်ချပြိး အိမ်ထဲသို့ ပြေးသွားလိုက်တော့သည်။
''ကိုကို"
သူမကိုကျောခိုင်း၍ မီးဖိုချောင်ထဲတွင်အလုပ်ရှုက်နေသော ကိုကို့ကို သူမပြေးဖက်၍ သူ၏ ကျယ်ပြန့်လှသော ကျောပြင်ကို သူမ မျက်နှာနှင့်ဖိကပ်၍ သူမအလွမ်းများကို ဖြေနေမိသည်။
ကိုကိုက ဒီလိုပါပဲ တစ်ခါတစ်လေ အသိပေးပြီးလာသလို တစ်ခါတစ်ရံ သူမကျောင်းသွားချိန်ရောက်နေလျှင်တော့ အိမ်သို့သာတိုက်ရိုက်လာပြီး သူမကိုစောင့်နေတက်သည်။
တစ်ခါတစ်လေ သူမလေဆိပ်သွားကြို၍ တမင် Welcome U Nay Min Ka ဆိုသည့် ဆိုင်းဘုတ်ကြီးကိုင်ပြီးကြိုလျှင်တော့ လေဆိပ်မှာတင် အတင်းကာရော နမ်းခံရ၏။
သူမ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် လွန်လွန်းသည်ဟု တွေးမိသည်။
သူမအရမ်းအကျက့်ပျတ်နေတာမလား။
ပုံမှန် ၂နှစ်သွားရတဲ့သူများဆို ၂နှစ်လုံးခွဲနေရတာဖြစ်ပေမဲ့ ၂လတစ်ခါ လောက် ကိုကိုက လာတွေ့နေတာတောင် သူမအဖို့မလုံလောက်ချင်သလို။
သူမ အရမ်းကိုချွဲနေပြီး အရမ်းကိုလွမ်းတက်
သည့်ကလေးဆိုးလိုမျိူး အလိုလိုက်ခံရသည့်ကလေးလိုမျိုးလုပ်နေတာလေ။နေမင်းခ သူ၏ခါးမှ ကောင်မလေးလက်ကိုေဖြချပြီး တစ်ဖက်လှည့်ကာ သူ့ရင်ခွင်ထဲ သွင်းလိုက်ပြီး
''ကလေး..ပြေးလာတာလား"
''အွန်း ကိုကိုရောက်နေတာကိုး အနှင်းက အရမ်းတွေ့ချင်တော့"
''ငချွဲလေး ''
နေမင်းခ သူမနှာခေါင်းလေးကိုဖျစ်ညှစ်လိုက်ပြီး
နှုတ်ခမ်းလေးကိုလည်း ခပ်ဖွဖွ အနမ်းပေးလိုက်သည်။နှင်းလွန်းအိမ် သူ့လည်တိုင်များကိုခိုတွယ်လာတော့ နေမင်းခ သူမလေးကို မကာ ခြေထောက်များကို သူ့ခါးတွင်ချိတ်စေလိုက်သည်။
YOU ARE READING
ချစ်သော သာမန်
Romanceငါသူ့ကိုပျော်စေချင်တယ် သူလိုချင်တယ်ဆိုတဲ့သာမန်ဘဝလေးကိုငါပေးချင်တယ် ငါ့မှာစည်းစိမ်အပြည့် ဉစ္စာအပြည့်နဲ့ ခမ်းနားမှုအကုန်ရှိတယ် သူလိုချင်တာအကုန်ဖြည့်စည်းပေးနိုင်တဲ့ အာဏာရှိတယ် အရာအားလုံးသူ့အတွက်စွန့်လွှတ်ပေးနိုင်ပြီး အကောင်းဆုံးဆိုတဲ့ အရာအားလုံး ငါပေ...