Ep-34(Part-2)

4.9K 157 7
                                    

Unicode......

''ဒါစားကောင်းတယ်သိလား ကိုကို အလုပ်လုပ်ရင်းစားကြည့်"

''ဒါက ကိုကိုညကျရင် အိပ်ခါနီးသောက်"

''ဒါက မနက်စာနေ့တိုင်း စားအောင်လို့နော်''

''ဒါက...''

''ဒါက..''

နေမင်းခ တွန်းလာသည့်တွန်းလှည်းထဲသို့ စကားတွေဆက်တိုင်ပြော၍ ပစ္စည်း တစ်ခုဆိုလည်း အရှေ့အနောက် ကြည့်.စျေးနှုန်းတွက်လိုက်
အမျိုးအစားနှစ်ခုယှဉ်လိုက် တစ်ခါတစ်လေ သူ့ဘက်လှည့်၍ ဘယ်ဟာပိုများပြီး ပိုတန်မယ်ထင်လဲ ဟု မေးကာ နေမင်းခကို တစ်မျိုးပြီးတစ်မျိုးမှာကြားကာ ခြင်းထဲသို့ထည့်တော့သည်။

ကောင်မလေးတွေက စျေးဝယ်ထွက်လျှင်ပျော်သည်ဟု သိရသောကြောင့် စိတ်ကြိုက်ဝယ်ဟုခေါ်လာမိကာမှ သူမအတွက်မဟုတ်ပဲ သူ့အိမ်မီးဖိုချောင်အတွက်သာ တစ်ခုပြီးတစ်ခု ဝယ်နေသည်။

သူမအတွက်ဆိုလို့ စောနစားသည့်ရေခဲမုန့်သာရှိသေးသည်။

ခုတော့ သူ့ဘက်လှည့်လာ၍ "အဟီး..အနှင်းဝယ်တာများနေပြီလား"

''မများဘူး ကိုယ်လ​ည်း​​ေလိုအပ်တာများတယ်လေ ''

သူလည်း သူမလေးပြောတော့မှ အဲ့တာတွေလိုအပ်မှန်းသိတာလေ။
စိတ်ကြိုက်သာလုပ် သူမလေး ပြုံးပြီးလုပ်နေတာမှန်သမျှ သူသဘောကျသည်။

ဝယ်သမျှ ပစ္စည်းတွေအားလုံးကားထဲထားခဲ့ပြီး
သူမတို့လမ်းလျှောက်နေသည်မှာ ဘယ်နှမိနစ်ရှိနေ ပြီဖြစ်သည်မသိ တဖြေးဖြေးနှင့် နေလုံးကြီး က အနောက်ဖက်သို့မေးတင်နေသည့်အချိန် ဝါကျင့်ကျင့်နေရောင်က ဖြာကျလာသည့်အခါမှ သူမ တို့လမ်းလျှောက်လာတာ အတော်ကြာနေပြီဖြစ်ကြောင်း နှင်းလွန်းအိမ်သတိထားမိသည်။

နှင်းလွန်းအိမ် ခြေလှမ်းတွေရပ်တန့်ပစ်လိုက်တော့ သူမဘေးတွင် အတိတ်ဆိတ်ဆုံးနေ၍ သူရှိနေကြောင်း ကိုင်ထားသည့်အငွေ့အသက်မျှလေးဖြင့်သာ သက်သေပြ၍ လိုက်လာသော နေမင်းခက သူမကိုအုပ်မိုးကာမေးလာသည်။

''ေညာင်းနေပြီလား "

နှင်းလွန်းအိမ်ခေါင်းငြိမ့်ပြတော့ ခပ်လှမ်းလှမ်းတွင်ရှိသော ထိုင်ခုံလေးကို ညွှန်ပြပြီး

ချစ်သော သာမန်Where stories live. Discover now