Ep-32

5.2K 158 8
                                    

Unicode......

''ကိုယ်မတက်ဘူးအဲ့တာကို"

အငြင်းစကားကြားလိုက်ရသည်နှင့် နှင်းလွန်းအိမ် ကိုစိုင်းခန့်ပြောသည်ကိုအမှတ်ရလိုက်သည်။

တက်ဖြစ်အောင်ပြောနော်တဲ့...

နှင်းလွန်းအိမ် သူ့ခန္ဓာကိုယ်ကြီးကို ဆုံလည်ကုလားထိုင်ဆီသို့ ပြန်တွန်းပို့ရင်း..

''ဘာလို့လဲ သူဌေး"

နေမင်းခ ခုံမှ မထိုက်ချင်ထိုင်ချင်နှင့် ဝင်ထိုင်ကာ သူမပြောတဲ့စကားသံကြားတော့ အနည်းငယ်ဆူပုပ်လျှက်..

''ကိုယ်အဲ့လိုတွေမတက်ချင်ဘူး ဝါသနာမပါဘူး"

နေမင်းခ လူတွေရောနှောနေနေရတာကို လုံးဝသဘောမကျချေ။

''သူဌေး အနှင်းပြောပြမယ် ဘယ်သူမှ အဲ့လိုတွေ့ဆုံပွဲတွေကို ဝါသနာပါလို့တက်ကြတာမဟုတ်ဘူးသိလား...လူမှူရေးအရတက်ရတာ.
သူဌေးလည်းအပေါင်းအသင်းမိတ်ဆွေတိုးတာပေါ့"

''ကိုယ်အဲ့တာတွေ..."

နေမင်းခ လှမ်းကြည့်ပြီးပြောလိုက်ပေမဲ့ သူမက အောက်နှုတ်ခမ်းကိုကိုက်ကာ သူ့ကိုလည်း ခါးထောက်၍ မျက်မှောင်ကျုံ့ပြီးကြည့်နေသည်။
မျက်လုံးလေးကလည်းမှေးကျဥ်းလို့...

နေမင်းခ အခြေအနေကိုနားလည်စွာ

"အင်း...ကိုယ့်အတွင်းရေးမှူးမလေးပါရင်သွားမယ်"

''ဒါသူဌေးရဲ့ကမ်းလှမ်းချက်ပေါ့"

''ဟုတ်တယ်"

''အနှင်းကသဘောမတူဘူးဆိုရင်ရော"

''ကိုယ့်ကို ကတိပေးထားတာမှတ်မိလား တစ်ခုခုပြန်လုပ်ပေးပါမယ်ဆိုတာ....အဲ့တစ်ခုခုပြန်ပေးဖို့အချိန်ကျပြီ"

အဲ့လောက်ဉာဏ်ကောင်းတဲ့လူကြီးကို နှင်းလွန်းအိမ် ထုရိုက်ပစ်ချင်ပါတော့သည်။
ကလိန်ကကျစ်ဉာဏ်ဆိုအရမ်းကောင်း...
နောက်ဆုံးတော့ လည်း ခေါင်းငြိမ့်ယုံကလွဲ ပြီး ဘာများတက်နိုင်ဉီးမည်လဲ။

ပြောသည်ကိုက 'ကိုယ်က ကတိတည်တဲ့လူမျိုးကွ' တဲ့ ချည်ပြီးတုတ်ပြီးသား.....

.
.
.
.
.
.

''အနှင်းရေ..ဒီမှာသမီးနာမည်နဲ့ ပါဆယ်ရောက်လာတယ်"

ချစ်သော သာမန်Where stories live. Discover now