Ep- 16

5.6K 169 13
                                    

Unicode...

'' Hello အမိန့်ရှိပါခင်ဗျာ ကောင်းသန့်ပြောနေပါတယ်''

''Hello ကိုကောင်းသန့်ရှင့် ကျွန်မ နှင်းလွန်းအိမ် ပါ''

တစ်ဖက်က အသံကြောင့် ကောင်းသန့် ခဏ
ကြောင်သွားကာ ပြီးမှ

'' ဟုတ်ကဲ့ ပြောပါဗျာ''

''အနှင်းလေ အကျီဖိုးလေးပြန်ပေးချင်လို့အဲ့တာ..''

''အာ.. အဲ့တာကျတော့ ကျွန်တော်တို့ သူဌေးနဲ့ပြောမှရမှာ ''

''အဲ့တာဆို အနှင်းပြောလို့ ရမလား''

''အမ်းးးး.... အခုက အစည်းဝေးတော့လုပ်နေတာဆိုတော့ နောက်မှ....အာ.. ဒါပေမဲ့ ..ခဏနော်''

တစ်ယောက်ထဲ ရှုပ်ယှက်ခပ်နေရင်းမှ

ကောင်းသန့်ဖုန်းကိုင်ပြီး ရုံးခန်းထဲ တစ်ချက်လှမ်းရှိုးရသေးသည်။ ရာသီဉတုကောင်းမကောင်း..

သူ့အကိုကြီးကတော့
စားပွဲရှည်ကြီးထိပ်မှာထိုင်ကာ
စာရွတ်တွေ တဖျတ်ဖျတ်လှန်ရင်း....မျက်မှောင်ကြီးကျုံ့ကာ ဘာမှလည်းမပြော

အရှေ့မှာ ထိုင်နေသည့် ဒါရိုက်တာတွေနှင့် အဖွဲ့ မှူးတွေကလည်း ခေါင်းတွေငုံ့လို့...

ဒီနေ့မှ ရုတ်တရက် စာရင်းတွေစစ်မယ်ဆိုပြီး
ရှောင်တစ်ခင်စစ်တော့ ပေါ်လိုက်သည့်အမှားတွေသောက်သောက်လဲ ဒါ့အပြင် ရောင်းအားက လည်း အရင် ၃ လကထက် ပိုကျနေသည့်မို့ ဒီနေ့တိုက်မည့် မှုန်တိုင်းက တော်တော်နှင့်ပြီးမည်မဟုတ်...

နေမင်းခဘေးတွင်ထိုင်နေသည့် စိုင်းခန့်သည်လည်း မျက်နှာလေးငယ်လို့

အကုန်လုံး ရဲ့ မျက်နှာက တစ်ယောက်ယောက်လာကဲ့မဲ့အချိန်စောင့်နေသည့်အတိုင်း...
ေကာင်းသန့် ဝင်လာသည့်အချိန်တွင် အားကိုးတကြီးကြည့်နေသည့် မျက်လုံးများက သက်သေပင်..

သို့သော်လည်း သူလည်း ဘာမှ မလုပ်တက်
အကိုကြီး ဒေါသထွက်ရင် ဘယ်သူမှလိုက်လို့မမှီသလို ဘယ်သူမှဖြောင်းဖျမရ...

ခုတောင် ဖုန်းက ပေးရမလားမပေးရမလား အတော်လေး စဉ်းစားပြီးမှ ဝင်လာခဲ့ရတာ

ချစ်သော သာမန်Where stories live. Discover now