Ep44

5.1K 154 9
                                    

Unicode...

သူမစကားကြောင့် နေမင်းခ ခေတ္တမျှ ကြောင်အမ်းသွားပြီးမှ

''နမ်းမှာပေါ့..နမ်းမှာပေါ့"

သူမမျက်နှာနား တိုးကပ်၍ နမ်းမည်အပြု သူ့မျက်နှာကိုသူမလက်ဝါးသေးသေးလေးများနှင့်ကာ၍ ငြင်းဆန်လာ၏။

''အနှင်းပြောမှကြီးကို နမ်းနဲ့"

ရော်...

''ကလေး"

''သိဘူး"

''ကိုကိုစောနလည်း အနှင်းမေးတာ သေချာမဖြေဘူးလေ"

နေမင်းခမှာ သူ့ဦးနှောက်ကို ချက်ချင်း အလုပ်ပေးရ၏။

''ကလေး ကိုကိုပြောတာက အမှန်ပါ"

''အဲ့တာဆို မလှလည်း ပါသွားမှာပေါ့"

''ဒါမှမဟုတ်.. ဟိုလေ အရမ်းမိမိုက်ပြီး ပြည့်စုံနေတဲ့လူဆိုရင်ရော"

''မဟုတ်ဘူးလေကလေး..ကိုကိုပြောပြမယ် ဒါကလူတစ်ယောက်ရဲ့စိတ်နဲ့ပဲဆိုင်တယ် ဘေးနားကလူကဘာကြီးပဲဖြစ်ဖြစ် ကာယကံရှင်က စိတ်
မပါရင် ဘာမှဆက်မဖြစ်ဘူး"

''တကယ်လား"

''အင်းပေါ့"

ထိုအခါကျမှ အနည်းငယ်စိတ်ကျေနပ်သွားပုံရ၏။
နေမင်းခ ဒီကလေးမရဲ့အမူအရာများကိုစမ်းစစ်ရင်း...

''ကလေး..ကလေးရဲ့ ဓမ္မာတာချိန်လည်း မဟုတ်ပါဘူး ဘာဖြစ်လို့လဲ ကိုယ့်ကိုပြော''

''ဟင့်အင်း "

သူမေးလိုက်တော့လည်း ချက်ချင်းပြန်လှည့်သွားကာ ဇာတ်ကားထဲသို့မှာအာရုံစိုက်သည့်ပုံ ပြန်ဖြစ်သွား၏။

နေမင်းခ ကို ကလေးက ခုလိုမျိုးချွဲပြီး ကပ်နေတာ သူကအရမ်းသဘောကျတာပေါ့။ ဒါပေမဲ့ ထူးထူးဆန်းဆန်း တစ်ခါတစ်လေပြုမူတက်တာသူသိပေမဲ့ ခုလိုဒီသာမန်မဟုတ်သည့် အနေအထားက ဘာကြီးလဲ။

ရင်ခွင်ထဲ မှာ ဖက်ထားပြီး သူမခေါင်းပေါ်လေးကို
သူ့မေးစေ့ကိုတင်ထားရင်း နေမင်းခမှာ အတွေးနယ်ချဲ့ရတော့သည်။

ယခုလောလောလက်လက်မှဖြစ်သွားသည့် ကြားနေကျ မဟုတ်သည့် စကားများက

ချစ်သော သာမန်Where stories live. Discover now