Unicode..
"သားနာမည်ဘယ်လိုခေါ်လဲ"
"နေမင်းခ ပါခင်ဗျ"
"အိုလိမ္မာလိုက်တာ သူငယ်ချင်းတွေနဲ့တည့်အောင်ပေါင်း စာသေချာလုပ်နော်"
"ဟုတ်"
ဆရာမလေး သူ့ကိုပြုံးပြပြီး သူထိုင်မဲ့နေရာထိ လိုက်ပို့ပြီး ဆုံးမသွားသည်။
နေခစိတ်ထဲတွင်တော့ ပညာတက်ကြီးဖြစ်ရမည် သူပိုက်ဆံအများကြီးလိုချင်သည် မေမေ့အတွက်ပေးချင်သည် ပြီးရင် မေမေ့ကို ဒုက္ခပေးတဲ့လူကြီးကို ရိုက်ချင်သည်။
ဒါကြောင့်သူ စာသေချာနားထောင်ပြီး ပညာတက်ကြီးလုပ်မည်မေမေကလည်း ပညာတက်ကြီးဖြစ်စေချင်သည်တဲ့..
နေခ ကျောင်းကပြန်လာတော့
တဲပေါ်တက်တက်ချင်း မေမေ့ကိုမတွေ့
ဉီးအောင်မြင့်သာတွေ့သည်။သူသိသည်က ...
ဒီလူကြီးသည် အရက်သောက်သည် နံသည်။
မေ့မေ့လိုမမွှေးသလို မေမေလိုလည်းသူ့ကိုမချစ် သူကလည်း အဲ့လူကြီးကိုမချစ်ပါ ။အောင်မြင့် အရက်သောက်နေရင်းမှ ခြေသံကြားလို့မော့ကြည့်လိုက်တော့ မျက်ခုံးနှစ်ခုတွန့်ချိုးပြီး သူ့ကိုစူးစူးရဲရဲစိုက်ကြည့်နေသည့် မျိုးမစစ်လေးကိုတွေ့လိုက်သည်။
ဒီကောင့်မျက်လုံးကိုတစ်စက်မှမကြိုက်.. လူကသာလက်တောက်လောက်.. ကြည့်တဲ့အကြည့်နဲ့မျက်လုံးကအချိုးမပြေ တစ်စက်မှ မကြိုက်...
ဒီသားအမိနှစ်ယောက်လုံးကို မကြိုက် အဆင်ပြေမလားယူမိတဲ့ ဟိုကောင်မက
ခုကျ သေတော့မလို ရောဂါသည် ပိန်ချုံးလို့ ဘာစောက်သုံးမကျ စိတ်ပျတ်ဖို့ကောင်း ..ငါပဲရှာကျွေးဖို့ နှစ်ယောက်လုံးကို အိမ်ပေါ်ခေါ်တင်နေရသလို
ထို့နောက်
နေခကို စိုက်ကြည့် ရင်း
" ဟိုကောင်လာဉီး "
" မလာဘူး '"
". ..............."
"သွားအရက်သွားဝယ် "
"မဝယ်ဘူး"
"အေး မင်းမဝယ်ရင် မင်းအမေကိုဝယ်ခိုင်းမှာ ... ရီထွေး! ရီထွေး ဟေ့.. ရီထွေး! "
YOU ARE READING
ချစ်သော သာမန်
Romanceငါသူ့ကိုပျော်စေချင်တယ် သူလိုချင်တယ်ဆိုတဲ့သာမန်ဘဝလေးကိုငါပေးချင်တယ် ငါ့မှာစည်းစိမ်အပြည့် ဉစ္စာအပြည့်နဲ့ ခမ်းနားမှုအကုန်ရှိတယ် သူလိုချင်တာအကုန်ဖြည့်စည်းပေးနိုင်တဲ့ အာဏာရှိတယ် အရာအားလုံးသူ့အတွက်စွန့်လွှတ်ပေးနိုင်ပြီး အကောင်းဆုံးဆိုတဲ့ အရာအားလုံး ငါပေ...