Ep-30

6.1K 177 27
                                    

Unicode.....

နှင်းလွန်းအိမ် အခန်းထဲပြန်ရောက်ချိန်အထိ စိတ်လှုပ်ရှားတာမပျောက်သေးပေ။
ဘယ်တုန်းက ဒီလိုမျိုး မဆင်မခြင်တဇွတ်ထိုးလုပ်တက်သွားသည်မသိပါ။
မျက်နှာနှင့် ေခါင်းအုံးကိုအပ်ထားရင်း ခြေထောက်တွေကလည်းစုံလိုက် အိပ်ယာနှင့်ရိုက်ခက်နေမိသည်။

ဦးနှောက်ထဲ ဗလာကျင်းသွားပြီး လုပ်ချင်ရာလုပ်ခဲ့ပြီးအခုမှရှက်လို့သေတော့မယ်။

ဘာလို့အဲ့လိုများ သွားလုပ်ခဲ့မိတာလဲ...
သူမဘဝမှာ တစ်ခါမှကိုယ်လုပ်ချင်လို့လုပ်ခဲ့သည် ဟူ၍မရှိခဲ့သလောက်ရှားသည်။
အမြဲတမ်း ဆင်ခြင်၍ ကျိုးကြောင့်သင့်မသင့် ဖြစ်သင့်တာသာ လုပ်လာခဲ့တာဖြစ်ပါသည်။

သေချာတာကတော့ ယခု သူမ စောနက ပြုလုပ်ခဲ့သည့်အပြုအမူအတွက် လုပ်ခဲ့မိသည့်အတွက် နောင်တ ရနေတာမျိုးလည်းမဟုတ်
ကိုယ့်ကိုကိုယ် စိတ်ပျတ်နေခြင်းလည်းမဟုတ်ပဲ..
ဒီတိုင်းရင်ခုန်ပြီး ရှက်နေယုံတင်ပါ..ပြီးတော့
ေပျာ်လည်းပျော်နေသေးတယ်။

.
.
.
.
.



ဒီနေ့ရဲ့အစည်းအဝေးရလဒ်ကြောင့် စိုင်းခန့် အရမ်းကိုခေါင်းကိုက်နေရသည်။

သေချာပြင်ဆင်ထားသမျှ အကုန်လွဲလွဲအချော်ချော်ဖြစ်နေတဲ့ သူတွေကိုလည်း ထိုင်သာရှိခိုးလိုက်ချင်တော့သည်။

နိုင်ငံခြားနှင့် ပူးပေါင်းလုပ်ရသည့်အတွက်ကြောင့် အမှားလုံးဝမပါစေချင်..

First impression ကောင်းစေချင်တာပါသည်။

သိူ့သော် မနက်အစည်းအဝေးစထဲက အမှားမှားအယွင်းယွင်းတွေမို့
ဥက္ကဋ္ဌ မှပြန်ပြီး စကားပြောပေးရသည့်အဖြစ် ။

ဥက္ကဋ္ဌ ၏ဒေါသကိုသူသာ အသိဆုံးမို့ အစည်းဝေးခန်းထဲမှ ထွက်ခွာထဲက စိတ်ကိုပြင်ဆင်ပြီး အသက်ရှုသံတောင် မကြားစေရသည်အထိတိတ်ဆိတ်ကာ အနောက်မှလိုက်ခဲ့လိုက်သည်။

ရုံးခန်းထဲဝင်ရင်တော့သေပြီပဲ...
ရုံးခန်းနှင့်အစည်းဝေးခန်းက ၁၀ လှမ်းပြည့်အောင်မလျှောက်ရ ဒီလမ်းကြီးကို ဆွဲဆန့်ထားချင်သည့်စိတ်တွေတဖွားဖွား....

ချစ်သော သာမန်Where stories live. Discover now