Ep40

6K 153 8
                                    

Unicode.....

''ကိုကို... အဝတ်အစား တွေကအတော်ပဲရော်...
အနှင်း ကိုယ်တိုင်းကိုသိတာလား"

လဲဝတ်လာသော အဝတ်အစားများကို သပ်ရပ်အောင်ဆွဲချနေကာ အခန်းထဲက ထွက်ထွက်လာခြင်း သူ့ကိုတန်းမေးတော့သည်။

သူမ အမေးကြောင့် မနက်က အမျိုးသမီး အဝတ်အထည်ဆိုင်ထဲမှာ နာရီဝက်လောက်ရပ်၍ ခေါင်းခြောက်အောင် စဥ်းစားနေတာကိုသတိရသွားသည်။

အမျိုးသမီး များ၏အဝတ်အစားများသည် အဲ့သလောက်ရှုပ်ထွေးပွေလီကြောင်း သူမသိခဲ့။

အမြင်သာရိုးရှင်းပြီး တစ်ကယ့် လက်တွေ့တွင် ဝယ်ဖို့ အတော်ခက်ခဲကြောင်းနားလည်လိုက်သည်။

ဘာဝယ်ဝယ် ကောင်းတာဆို ပစ်ထည့်လိုက်သောသူ့လိုလူက မနက်က
စိတ်တိုင်းကျတာမတွေ့မချင်း တစ်ခုပြီးတစ်ခု စေ့စေ့စပ်စပ်လိုက်ကြည့်ပြီး ရွေးနေလို့ ဆိုင်ဝန်ထမ်းမလေးတောင် စိတ်မရှည်ဖြစ်သွားသေးသည်။

''ကိုယ် ခန့်မှန်းဝယ်လိုက်တာ "

''ဘယ်လိုလဲ ကိုယ်တော်တယ်မလား"

လက်ညှိုးနှင့် လက်မသုံး၍ မေ့စေ့တွင်ထောက်ကာ ချီးကျူးခံချင်သော သူ့ပုံစံက အူကြောင်ကြောင်လေးနဲ့ ချစ်ဖို့ကောင်းနေသည်။

နှင်းလွန်းအိမ် သူ့နားထိသွားလိုက်ပြီး ဆံပင်များကို ခပ်ဖွဖွ ပုပ်ကာ

''အရမ်းတော်ပါတယ်ရှင်"

''ဒါနဲ့ကိုကိုက မနက်က ဘယ်ချိန်ထလို့လဲ ဟင် မနက်စာတွေကောလုပ်ထားပြီး အဝတ်အစားတွေပါသွားဝယ်ထားတဲ့ထိ"

အဟား..မေးတက်တယ် တစ်ကယ်ဆို သူမအိပ်ရသေးဘူးလို့ပြောရင် လန့်သွားလေမလားပဲ။

သူ့မှာ ရင်တွေခုန်ပြီး အိပ်မရတာ ဒါနဲ့ဆိုဒုတိယအကြိမ်မြောက်ပင်။

ဒီလိုချိန်မှာ သူအိပ်ပျော်နေတယ်ဆိုရင် သူအရူးမို့ပဲ ​ဖြ​စ်လိမ့်မည်။

''အဟီး ဒါနဲ့.. မနက်စာ အရမ်းစားလို့ကောင်းတယ်ရော...အနှင်းကတော့ ဒီလိုမျိုးသာဆို ဒီလူကြီးနားက မခွာနိုင်ဖြစ်တော့မယ်"

သူ့လက်မောင်းကိုလက်ချိတ်၍ ပုခုံးပေါ်ခေါင်းလေးစောင်းလာကာ ချွဲနေပါသော ကလေးမသည် တစ်ကယ်တော့ သူက မခွာနိုင်လို့ မကွာသွားအောင် နည်းလမ်းတွေ ထုတ်သုံးနေကြောင်းကို မသိရှာပါ။

ချစ်သော သာမန်Where stories live. Discover now