Ep-19

5.3K 173 14
                                    

Unicode...

''တီလေး ဘေးအိမ်က မိသားစု အသစ်တွေရောက်နေကြတယ်ကော ဟို ....အန်တီအုန်းကြည်တို့က ပြောင်းသွားတာလား ဟိုနေ့ကတင်ရှိနေသေးတာကို"

အိမ်တစ်ဖက်ခြမ်းမှ ဆူဆူညံညံအသံတွေနှင့် ယောကျားလေးချင်း ဆဲဆိုသံအချို့ကြောင့် သူမ တီလေး၏ချုပ်လက်စအကျီကို လက်ချုပ်လိုက်ပေးရင်း သတိထားမိကာ ပြောမိတော့သည်။

''အင်း..ဟုတ်တယ် အနှင်း မအုန်းကြည်ရဲ့သမီးအငယ်မလေးကော အဲ့ကောင်မလေး အော့အန်နေလို့ဆိုပြီး ဆေးခန်းပြတာ ကိုယ်ဝန်၂လဆိုလို့
ဟိုရက်က တော်တော်လေးမငြိမ်မသက်ဖြစ်သွားသေးတယ်''

''အယ်''

''တီလေးလည်း အနှင်းကို စကားမစပ်မိလို့ မပြောဖြစ်တာ အဲ့တာ တစ်ဖက်က ကောင်လေးကလည်း ၁၀ တန်း ကျောင်းသားပဲရှိသေးတာဆိုတော့ မယူဘူးတဲ့ ''

''ဟယ် တီလေးရယ် ကျောင်းသားလည်းပဲ ဒီလိုဖြစ်မှတော့တာဝန်ယူရမှာပေါ့''

မေရီခ ပိတ်စ ကိုက်ရင်းနှင့်ဆက်၍

''အင်း မအုန်းကြည်ကလည်း တရားစွဲတာဘာညာမလုပ်ချင်ဘူးနေမှာပေါ့ ကလေးတွေကလည်း ဗဟုသုတနည်းတယ် ခုလိုဖြစ်တော့ဟိုးလေးတကျော်နဲ့ မိန်းကလေးကိုပဲလက်ညှိုးထိုးကြတာ လူတွေက ဘယ်လိုမျိုးစိတ်တွေလည်းမသိပါဘူးအနှင်းရယ် အဲ့တာ သူတို့ဇာတိရွာကိုပြန်သွားကြတယ်အကုန်လုံး ကသုတ်ကရိုက်နဲ့ ချက်ချင်း ပြောင်းကြတာ''

''ဘေးအိမ်ကိုခုက ယောကျာ်းလေး နှစ်ယောက် ပြောင်းလာတာ သတိတော့ထားအနှင်းရယ် ဘာမှမဖြစ်ရင်မဖြစ်ဘူး''

''တီးလေး..အနှင်းက နေ့တိုင်း ကျောင်းသွားလိုက် ခုဆိုရုံးသွားလိုက်နဲ့ အိမ်မှာကိုမရှိဘူး တီလေးသတိထားနော် တံခါးလည်း အမြဲ လုံခြုံအောင်ပိတ်ထားနော့ တီလေး နော်''

သူမတီလေးသည် သူမအတွက်သာအဒေါ်ဆိုပေမဲ့ ၃၂ နှစ်ဆိုသည့်အရွယ်က လှတုန်းပတုန်း သူများတွေဆို အဲ့အသက်အရွယ်က အပြင်မှာ သူငယ်ချင်း တွေနဲ့ပျော်ပါးလို့ကောင်းတုန်းရယ်ပါ........ခုကျသူမအတွက်နှင့် ခုလိုမျိုး ငယ်ရွယ်တဲ့ အချိန်ကို အိမ်ထဲမှာပဲ ပိုက်ဆံရှာရင်းနှင့်ကုန်ဆုံးနေရသည်မဟုတ်လား.....
.
.
.
.
.

ချစ်သော သာမန်Where stories live. Discover now