Ep-35(Part-2)

5.1K 162 23
                                    

Unicode....

အချိန်ကား ည၁၂နာရီ...

ဒီအချိရှိသည့်တိုင် နှင်းလွန်းအိမ်တစ်ယောက်အိပ်မပျော်နိုင်
နေ့လည်ကအိပ်ထားသည့်အရှိန်ကော ညနေကကြားထားရသည့်အကြောင်းအရာများကြောင့်ပါ သူမပို၍အိပ်မပျော်နိုင်ပဲ ခေါင်းထဲတွင် အတွေးများသာပြည့်နေသည်။

သူမဘေးတွင် အိပ်နေသော ကိုကို့ကို မသိမသာကြည့်ရင်း ခုလိုအချိန်မျိုးဆို သာမန်မိန်းကလေးတစ်ယောက်အနေနဲ့ ရင်ခုန်၍ စိတ်လှု​ပ်ရှားနေမည်မှာအသေအချာပင်။

ကိုယ်ချစ်တဲ့သူ၏ဘေးတွင်လဲလျောင်း
အိပ်စက်နေရသည်မှာ စိတ်လှုပ်ရှား၍ ရင်ခုန်နေမည်ဖြစ်သော်လည်း ယခုချိန်တွင်တော့ စိုးရိမ်ပူပန်မှုများနှင့် သနားသည့်စိတ်များကသာ အလေးသာနေတော့သည်။
သို့သော်လည်းပဲ လုံးဝ စိတ်မလှုပ်ရှားဘူးဟုတော့ မဆိုပါ။

သူမဘေးသို့ ခန္ဓာကိုယ် ကိုစောင်းလိုက်ပြီး
မအိပ်ခင် ကသူမနဖူးလေးကိုညင်သာစွာနမ်း၍
စည်းမကျော်လာနဲ့ဟု ဆိုကာ ကုတင်ထောင့်စွန်းသို့တန်းကပ်၍ အိပ်သွားသော ကိုကို့ကိုကြည့်ရင်း မျက်လုံးက လက်မောင်းဒဏ်ရာသို့ အကြည့်ရောက်သွားသည်။

ညနေက ဆေးထည့်ပေးတော့ နည်းနည်းမှမနာဘူးဟု ပြောင်စပ်စပ်လုပ်နေသည်က သူမကိုထားမသွားဖို့ပြောနေသည့် ဦးနေမင်းခ နှင့်တစ်ခြားစီရယ်ပါ။
ချက်ချင်းကို အပြောင်းအလဲ မြန်တဲ့လူ..

ထို့ပြင် သူမခုမှစိတ်တည်ငြိမ်သွားပြီဖြစ်၍တွေးကြည့်တော့မှ
သူမကတစ်ခုခုဆို ထားသွားပြီးထွက်ပြေးမည့်ပုံပေါ်နေသလား..
သူမကို မယုံကြည်ဖူးလား..
တွေးရင်းနှင့် ဘေးနားတွင်ရှိသော ဖက်လုံးနှင့်သာ ၃ ချက်လောက်ရိုက်ပလိုက်ချင်တော့သည်။

သို့သော် သူမ၏အကြည့်က လက်မောင်းရှိ ဒဏ်ရာမှမခွာနိုင်သေး..
ထိုဒဏ်ရာမှတစ်ဆင့်တွေးမိသည်က အရင်က ရင်ဘက်မှဓားဒဏ်ရာ..
သူမအကျီလဲပေးတုန်းက ခပ်ရေးရေးမျှမြင်ရသော အမာရွတ် များကပါ မျက်လုံးထဲ မြင်ယောင်လာပြီး သူမကြည့်ချင်စိတ်တွေ တဖွားဖွားပေါ်လာသည်။

သူမအကြည့်က လက်မောင်းမှတဆင့်အိပ်ပျော်နေသော နေမင်းခ၏မျက်နှာသို့ ရောက်ရှိသွားတော့သည်။

ချစ်သော သာမန်Where stories live. Discover now