Ep-38

5.5K 166 12
                                    

Unicode .......

''မ ခဏပဲ အချိန်ပေးပါ ဗျာ ''

''မ ကျွန်တော် ခဏပဲစကားပြောချင်ယုံပါမရယ် ''

''မ.. မ."

''ဘာဖြစ်နေတာလဲ ကောင်းသန့် မင်းကိုငါပြန်လို့ပြောထားပြီးသားနော်"

ကောင်းသန့် Bell နှိပ်မရသည့်အဆုံး တံခါးကို တဒုန်းဒုန်းထုထုချင်းပဲ မဆီက ပြန်ပြောသည့်အသံကိုကြားရခြင်းဖြစ်သည်။

''မ ခဏပဲ နော် ကျွန်တော် စကားပြောချင်ယုံလေးပါ "

''မင်း ဘယ်လိုဖြစ်နေလဲ နင့်ကိုငါ မမြင်
ချင်ဘူး ကြားလည်းမကြားချင်ဘူး"

မေရီခ အတော်စိတ်ညစ်နေပါပြီ ဒီလိုတဂျီဂျီ လုပ်နေတာ မနက်ထဲက ဖြစ်သည်။
တဖက်က လူလည်း စိတ်ညစ်နေလောက်ပါပြီ
ညစ်လက်စနဲ့ ဆက်ညစ်ပါစေတော့ သူမ တွေ့လည်းမတွေ့ချင် မစကားလည်းမပြောချင်ပါ။

ကိုယ့်ဝမ်းနာ ကိုယ်သာသိသည်။ ဒီ သနားကမား ရုပ်လေးနဲ့  ပြောလာလျှင် သူမ စိတ်ကခံနိုင်မည်မဟုတ်ချေ။

''မ တံခါး ဖွင့်မှာလား မဖွင့် ဘူးလား တစ်ခွန်းပဲပြော ''

ေမရီခ ပြန်ပြောနေလည်း မထူးလို့ ေခါင်းယမ်း၍ အိမ်ထဲသို့ ဝင်ခဲ့လိုက်သည်။

အထဲမှ Reply ပြန်မလာတော့ ကောင်းသန့် သိလိုက်သည်။ မ သည် ဘယ်တော့မှ အနုနည်းနဲ့မရ
နောက်တစ်ခါကျ တွေ့ရင် ထိန်းမနေဘူး ဖတ်နမ်းပစ်မည်ဟု တွေး၍

''မဖွင့်ပေးလည်း ပြီးရော ဗျာ"

ဆိုပြီး တိုက်အောက်သို့ ဆင်း၍ ကားထဲ မှ အမြဲ သယ်လေ့ရှိသော ဂစ်တာကို စိတ်ဒုန်းဒုန်းချပြီး 
ဆွဲယူခဲ့လိုက်တော့သည်။

#ငယ်သေးတဲ့ အချစ်မို့ မလေးစားတာလားပြောပါ......

ကျွန်တော် သိပ်ချစ်တက်တာ ကျွန်တော်သာ အသိပါ...

လိမ်ပြီး မပြောတက်တာ ကလေးလေးဘဝထဲကပါ... မမ နားလည်ငဲ့ညှာပါ...#

ေမရီခ ထမင်းခူးနေတုန်းရှိသေးသည် အိမ်ရှေ့မှ ဂစ်တာသံ မြူးမြူးနဲ့ ခပ်သြသြ အသံကြောင့် သူမလန့်သွားရသည်။

#စားမရ.. အိပ်မရ အချိန်တွေထဲ သွေးအားနည်းလို့ ပိန်လာပြီ မရယ်....

ချစ်သော သာမန်Where stories live. Discover now