Final

15.6K 303 36
                                    

Unicode.....

ဆေးရုံ၏ VIP အခန်းထဲတစ်ခုတွင်....

အသက်ရှုသံဖျော့ဖျော့လေးတောင်ကြားရသည်အထိ တိတ်ဆိတ်နေပြီး အဖြူရောင်လက်ရန်းများပါသည့် ကုတင်ပေါ်တွင် လဲနေသည့် မိန်းကလေးငယ်လေးကတော့သူမရဲ့မူလပုံစံအတိုင်း ငြိမ်းငြိမ်းချမ်းချမ်းလေးနှင့်လဲလျောင်းနေ၏။

ဖြူဖျော့နေသောအသားအရေက ရင်နာရစေပြီး
အသံရှုသံဖျော့ဖျော့လေးတစ်ခုထဲကသာ သူမ အသက်ရှင်ကြောင်း သိရသည်။

ထိုကုတင်ဘေးတွင်တော့ နီရဲနေသောမျက်လုံးများနှင့် မှိုင်းညို့နေသော လူတစ်ယောက်က အသိစိတိကင်းမဲ့စွာထိုင်နေ၏။

သို့သော် ထိုလူ၏လက်ကြမ်းကြမ်းများက ကောင်မလေး၏ လက်ကလေးများကို ထွေးဆုပ်ကိုင်ထားပုံက သူ အားပါသွားရင်ကြွေကျတော့မည့်ပန်းလေးကို တယုတယကိုင်သလိုမျိုး လေး နူးညံ့၍ငြင်သာနေတော့သည်။

ရှုပ်ထွေးပွယောင်းနေသောဆံပင်များကို ထပ်၍ ထိုးဖွလိုက်ပီး နေမင်းခ သူရှေ့မှရှိနေသည့် ကောင်မလေးကို ပေါက်ထွက်မတက် စိုက်ကြည့်နေမိသည်။

ဦးခေါင်းတစ်ခုလုံး ပတ်တီးအဖွေးသားနှင့် မျက်နှာတစ်ခြမ်းမှာ မြင်မကောင်းအောင် ဖူးယောင်ပြီး ယောင်ကိုင်းနေသည်။

နှုတ်ခမ်းစွန်းလေးက အက်ရာတစ်ခုရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံးကတော့ ပွန်းပဲ့ဒဏ်ရာများက မြင်မကောင်းစွာ။

အဆိုးဆုံးကတော့...တကယ့်အဆိုးဆုံးကတော့
ရင်ဘက်နားက ကျည်ပေါက်ရာကိုအုပ်ထားသည့် ပလစတာနှင့်ပတ်တီးဖွေးဖွေး။

ဘယ်လောက်တောင်ကြောက်ရွံနေလိုက်ပြီး ဘယ်လောက်တောင် နာနေလိုက်မလဲ။

ကျည်ဆံက နှလုံးကိုမဖောက်သွားသည့်အတွက် အသက်ရှင်နေရခြင်း။

ဘယ်လိုသတ္တိတွေနှင့်ရင်ဆိုင်ပြီး သူမ လေး၏စိတ်အစဥ်ဘယ်လိုဖြစ်နေမလဲ ..

နေမင်းခ မတွေးရဲသည့်တိုင် လျစ်လျူရှု၍လည်းမရနိုင်ခဲ့ပါချေ။

သူတောင်မှ မထိရက်မတို့ရက် မြတ်နိုးပြီးယုယခဲ့သည့် အသေးလေးကို.. လုပ်ရက်လေခြင်း။
သူ့ရင်တွေကွဲရတယ်ဆိုပေမဲ့ ထိုအချိန်အခါက ဘယ်လိုကြောက်ရွံမှုတွေနှင့် ဘယ်လိုဆုံးလိုဆုံးဖြတ်ချက်များကို ဒီကလေးငယ်၏ ခွန်အားသေးသေးလေးများနှင့် ဆုံးဖြတ်ချက် ချခဲ့ရသနည်း။

ချစ်သော သာမန်Where stories live. Discover now