Ep - 8

7.2K 220 8
                                    

Unicode. ...

နှင်းလွန်အိမ် သတိထားမိတာ ဒီလူကို ဒီရက်ပိုင်းနေ့တိုင်းလိုလိုတွေ့နေရသလိုပဲ

ဟိုရက်ကတော့ မျက်နှာလှလှနဲ့ကောင်မလေးကို မျက်ရည်ကျပြီး ကျန်ခဲ့တဲ့ထိ လုပ်ပြီး သူကတော့အေးဆေးနေ,နေသည်။
ကောင်းလိုက်တဲ့လူ ပိုက်ဆံရှိရင်ပြီးရောလား..

သူမတစ်ယောက်ထဲ အပြစ်တင်နေရင်း စိတ်ထဲက မျက်စောင်းကထိုးမိတာအကြိမ်ကြိမ်..

နေခ ကို ဒီကောင်မလေး မျက်စောင်းထိုးတာ ဒါနဲ့ဆို ၂ကြိမ်မြောက်ရှိပြီ

ပထမတစ်ခါက အဖွားလွှတ်လိုက်တဲ့ကောင်မလေး နဲ့ညစာ စားတဲ့နေ့ကတစ်ကြိမ်
...... ခုတစ်ကြိမ်

နေခ သူ့ဘေးကနားကကောင်လေးကိုတီးတိုးပြောလိုက်တော့ ဝိတ်တာကောင်လေးက နားလည်ပုံနှင့် ခေါင်းတငြိမ့်ငြိမ့်နှင့်နာခံရင်း ထွက်သွားသည် ။

" နှင်းလွန်အိမ် ငါနဲ့ စားပွဲလဲရအောင် ''

"ဟမ် ''

" သြော် ငါတို့တာဝန်ယူတဲ့စားပွဲလဲရအောင်လို့ မမဖြူကိုလည်းပြောပြီးပြီ ငါ့စားပွဲက customer ( စားသုံးသူ) က ငါ့ service ( ဝန်ဆောင်မှု )ကို မကြိုက်လို့နဲ့တူတယ် အဲ့တာနင်နဲ့ လဲမို့ ''

သူမကြည့်လိုက်တော့ အဲ့စားပွဲ က ဟို..........လူရိုက်တဲ့ CEOကောင်မလေးတွေအသဲကိုကစားတဲ့လူ ...

" အင်း.. ရပါတယ် ''

တာဝန်က တာဝန်ပဲလေ

ဝိတ်တာကောင်လေး ဝမ်းသာတဲ့မျက်လုံးတွေနှင့် သူမကိုပြုံးပြလာသည် ။

အင်းပေါ့ သူလည်း ကိုယ့်မကြိုက်တဲ့လူနား service ပေးရတာ ကသိကအောက်ဖြစ်​​မှာပေါ့
.

အဲ့ဝိုင်းကိုသေချာအကဲခက်နေတော့ ထိုလူရဲ့ ဝိုင်က ကုန်လုနီးနေပြီ..

သူမ ဝိုင်ပုလင်းကို မြဲမြံအောင်ကိုင်ပြီး
ဝိုင်ထည့်ပေးနေချိန်

" မင်း ငါ့ကို သိတာလား''

သူမရုတ်တရက်ကြောင်သွားရင်း ပြီးမှ မျက်နှာမှာ အပြုံးတခုဆင်ရင်း

" ကျွန်မတို့ဆိုင်က VIP ကို သိပါတယ်ရှင်''

" မဟုတ်ဘူး ငါပြောတာ မင်း တခြား ပုံစံနဲ့ငါ့ကိုသိတာလား''

ချစ်သော သာမန်Where stories live. Discover now