Ep-46

6.2K 153 9
                                    

Unicode..

.
.
.
.
.
.

နှင်းလွန်းအိမ် တီလေး အခန်းကို လင်းလွန်းစံအတွက် ပေးလိုက်ပြီး ရေနွေးတည်ကာ အိပ်ယာပေါ်တွင် ရောက်နေပြီဖြစ်သော လင်းလွန်းစံ ထံသို့ ရေနွေးခွက် ကမ်းပေးလိုက်သည်။

သူမသည်နှစ်သိမ့်သည့်နေရာတွင်မတော်သလို ယခုလိုအခြေအနေတွင် ဘာပြောရမှန်းမသိသောကြောင့် ထို့ပြင် အနှောက်အယှက် လည်း မဖြစ်စေချင်သည့်အတွက်ကြောင့် နှုတ်ဆက်ပြီး အခန်းထဲက ထွက်မလို့ပြင်လိုက်သည်။

''အနှင်း..''

.''ရှင်"

''အနှင်းမှာ မမကို မေးစရာတွေများမယ်နဲ့တူတယ်"

''ဟင့်အင်း..အနှင်း မသိချင်ပါဘူး"

သူမပြောင်ကျကျပင်ငြင်းလိုက်သည်။ တစ်စုံတစ်ယောက်၏ မကောင်းသော အတိတ်ကို သိရှိပြီး စပ်စုလိုသောဆန္ဒသူမတွင်အလျှင်းမရှိ။
သူများအတွက် ဒဏ်ရာကို ကိုယ့်သိချင်စိတ်ကြောင့် ထပ်၍မနာကျင်စေလို။

''ဒါပေမဲ့ မမ ရင်ဖွင့်ဖို့လိုနေလို့ နားထောင်ပေးမလားဟင်"

နှင်းလွန်းအိမ် တံခါးပြန်ပိတ်လိုက်ပြီး ကုတင်စွန်းတွင်ဝင်ထိုင်၍လင်းလွန်းစံပြောပြလာမည့်စကားများကိုတိတ်တဆိတ် နားထောင်ပေးလိုက်သည်။

လင်းလွန်းစံ ရေနွေးခွက်ကို ကျစ်နေအောင်ဆုပ်ကိုင်ပြီး

''လူတိုင်းက မမကိုဆို လှတယ် တော်တယ် အလုပ်ကောင်းကောင်း ရှိတယ် အဲ့လို​​​ပြော
ေေကြပေမဲ့လေ အဲ့အရာတွေရဲ့နောက်မှာ မမရဲ့ မကောင်းတဲ့အရာတွေကို ဖုံးကွယ်ထားရတာ''

သူမရှေ့သို့ လက်ကိုဆန့်တန်းပြလာ၍

''ဒီဒဏ်ရာတွေ ဘယ်လိုရလာလဲသိလား.. မမနဲ့အခုလက်ရှိတွဲနေတဲ့လူကလုပ်တာ"

လင်းလွန်းစံ သည် နာနာကျည်းကျည်းနှင့် ပြုံးလိုက်သည်။

ကျလာတော့မည့် မျက်ရည်များကိုလည်း ထိန်းကျောင်းရင်း

''မမက အဲ့လူနဲ့ တစ်နှစ်ကျော်လောက်တွဲခဲ့တယ် အခုမတွဲတော့ပါဘူး ဒါပေမဲ့..အဲ့လူက''

ချစ်သော သာမန်Where stories live. Discover now