Ep-20

5.8K 160 11
                                    

Unicode......

သူမ ဆေးရုံမှာ နေတာ ဒီနေ့နဲ့ဆို၄ ရက်မြောက်ရှိပြီဖြစ်သည့်အပြင် တီလေးကလည်း လမ်းပင်ကောင်းကောင်းလျှောက်နိုင်နေပြီမို့ ညနေတော့ ကိုကောင်းသန့် လာလျှင် အိမ်ခဏပြန်မည်ဟု သူမတွေးလိုက်သည်။ဒီကြားထဲ သူမ အိမ်ပြန်တာ ၂ ကြိမ်သာရှိသေးသည်မလား...

ဆေးရုံတက်နေစဉ်တစ်လျှောက်လုံးကို
ကောင်းသန့်က နေ့တိုင်းလာသည့်အပြင် တစ်နေ့ထဲကို ၃ ခေါက်လောက်ကျအောင်ပင်လာတက်ပြီး လာတိုင်းလည်း လက်ထဲမှ စားစရာနှင့်ပစ္စည်း အချို့ပါစမြဲ...

ထို့ပြင် တီလေးကို တွဲထူတာ အပြင်ပို့တာကအစ သူပဲ လုပ်ပေးနေလို့ နှင်းလွန်းအိမ် တောင်မှ သူမကိုယ်သူမ လူပိုလို့တောင်ခံစားလာရသည်။

တီလေး၏ အိမ်သားမှာ သူမ မဟုတ်ပဲ ...
ကိုကောင်းသန့် ဟုတောင် ဆေးရုံမှ ဆရာဝန်နှင့် သူနာပြုဆရာမများက ထင်နေကြသေးသည်။

ထို့ပြင် တီလေးက လာတိုင်းပွစိပွစိနှင့်ပြောသမျှကိုပြုံးပြုံးကြီး ခံနေသည့်အပြင် မ ကျွန်တော် လုပ်ပေးမယ် မ, မလုပ်နဲ့ ..မ, ငြိမ်ငြိမ်နေ မလှုပ်လိုက်နဲ့ တ မ,ထဲ မ,နေတော့သည်က ........
နှင်းလွန်းအိမ်အဖို့ အလွန်ပင် ထူးဆန်းသည့် အနေအထားဖြစ်နေသည်။

''တီလေးနေ့လည်စာဘာစားမလဲ အနှင်းသွားတော့မို့"

သူမ အိမ်နှင့်ဆေးရုံကို တစ်ယောက်ထဲ အသွားအပြန်အမြဲမလုပ်နိုင်တာကြောင့် စားသောက်ဖို့ရာ ဆိုင်တွင်ကသာမှာစားရသည်။

မိသားစုဝင်အများကြီးမရှိတာ တစ်ခါတစ်လေတော့လည်း အားငယ်ရသည့် အချိန်တွေရှိပါပေါ့လား...

" အနှင်းစားချင်တာသာဝယ်ခဲ့တော့ "

သူမတို့စားဖို့အတွက် အမြဲလိုလို ကိုကောင်းသန့် က ဝယ်လာပေးတက်ပေမဲ့ အရမ်းကိုအားနာရလွန်းလို့ နောက်မဝယ်လာဖို့ ငြင်းထားပေမဲ့လည်း အခန်းထဲမှာတော့ မုန့်မျိုးစုံနှင့် သောက်စရာမျိုးစုံက မကုန်မခမ်းရယ်ပါ..

"တီလေး အနှင်းဒီနေ့အိမ်ခဏပြန်မလားလို့ အဝတ်လေး နည်းနည်း ပြန်လျှော်ရင်းလေ "

ချစ်သော သာမန်Where stories live. Discover now