Unicode....
"ရော့ ဒါယူလိုက်"
သူမလက်ကိုဆွဲယူကာ တစ်ခြားထမင်းဗူးကိုသူမလက်ဖဝါးထဲသို့ ထည့်ပေးလာသည်။
သူ့ပုံစံက က ပုံမှန်အတိုင်း အနောက်တိုင်း Suit ကို ဝတ်ဆင်ထားပေမဲ့..အနည်းငယ်နွမ်းလျ ပုံပေါ်နေသည်။
သို့သော်မျက်ဝန်းထဲမှာတော့ စူးရှပြီး ခက်ထန်တဲ့နေသလို ညင်သာသည့် အရိပ်အယောင်လည်းရှိသေးသည်။"ဘာလို့လဲ"
"ညစ်ပတ်နေတယ်လေ ဒါပဲစားလိုက်တော့"
သူမဆီ က ပိုင်စိုးပိုင်နင်း လုသွားပေမဲ့..
ငြင်းဆန်ခွင့်မရှိတဲ့ ပြောစကားပေမဲ့..
သူမ အကျိုးကြောင်းသင့်သည့်အတွက်ကြောင့် ခေါင်းငြိမ့်၍ ထမင်းဗူး လေးယူကာ ခပ်သွက်သွက် ထွက်လာခဲ့လိုက်သည်။နေမင်းခ ကတော့ ထွက်သွားတဲ့ကျောပြင်သေးသေးလေးကိုငေးရင်း..
သူ့မှာတော့တစ်ပတ်လုံးမတွေ့ရလို့လွမ်းနေခဲ့
သည့်ကြားထဲ ဇေယျာက group chart ထဲသို့ Done ဆိုသည့် စာကြောင်းလေးနှင့် ကြမ်းပြင်ပေါ်မှာ ပစ္စည်းပုံးတွေကြားထဲ လက်ညှိုးလေးနှစ်ချောင်းထောင်ပြီးပြုံးနေသည့်ကောင်မလေးပါ
သည့် ဓာတ်ပုံလေးတစ်ပုံကြောင့်
သူ့မှာ ပိုလွမ်းခဲ့ရပြီး အစည်းအဝေးပြီးပြီးချင်း စိုင်းခန့်ကိုထားခဲ့ကာ နောက်နေ့ flight ကို မစောင့်နိုင်ပဲ လေယာဉ်ကွင်းကနေ ဒီကိုတန်းလိုက်လာခဲ့ရတာ။ဒါတောင်စိုင်းခန့်ဖုန်းထဲကနေချိန်းခြောက်ပြီး အဲ တောင်းကြည့်ခဲ့ရတာ ဒီ ဓာတ်ပုံလေးကို။
နောက်နေ့ သူမ ဘယ်လိုပုံစံလေးဖြစ်နေမလဲ
သိချင်လွန်းလို့ သူ့မှာတော့ အပြေးအလွှားလာခဲ့တာ.ဒီရောက်တော့ ဘာ!
ဟိုခွေးပေါက်ပေးသည့် ထမင်းဗူးလေးယူပြီး ပြုံးပြနေတာ...
သေတော့မယ်...သေတော့မယ်...ခုလိုလေး နာနာခံခံလေးနှင့် လက်ခံသွားတော့လည်း သူ့မှာ ထွက်သမျှဒေါသက အငွေ့ပျံသွားရပြန်သည်။
.
.
.
.
.
" အနှင်း ညနေဘယ်နားမှာ တာဝန်ကျလဲ"သီဟ ထမင်းဗူးဖွင့်ရင်း နှင်းလွန်းအိမ်ကိုမေးတော့
YOU ARE READING
ချစ်သော သာမန်
Romanceငါသူ့ကိုပျော်စေချင်တယ် သူလိုချင်တယ်ဆိုတဲ့သာမန်ဘဝလေးကိုငါပေးချင်တယ် ငါ့မှာစည်းစိမ်အပြည့် ဉစ္စာအပြည့်နဲ့ ခမ်းနားမှုအကုန်ရှိတယ် သူလိုချင်တာအကုန်ဖြည့်စည်းပေးနိုင်တဲ့ အာဏာရှိတယ် အရာအားလုံးသူ့အတွက်စွန့်လွှတ်ပေးနိုင်ပြီး အကောင်းဆုံးဆိုတဲ့ အရာအားလုံး ငါပေ...