Ep-31

6.1K 169 6
                                    

Unicode......

''ဘယ်လိုခေါ်ချင်လဲ"

သူမမျက်နှာနားထိတိုးလာကာ သူမကို မျှော်လင့်နေတဲ့ မျက်လုံးကြီးများနှင့်ကြည့်လာသည်။

နှင်းလွန်းအိမ် အနည်းငယ်အချိန်ယူကာစဥ်းစားသည့် ပုံဖမ်းလိုက်၍

''အင်း..ဘယ်လိုမှမခေါ်ဘူး"

''ဟာ ကွာ.. အသေးလေး ကိုယ့်ကိုစနေတာပေါ့ဟုတ်လား"

သူအသည်းယားစွာ အသေးလေးကို သူ့ရင်ခွင်ထဲဆွဲသွင်းပစ်ပြီး တင်းကြပ်နေအောင်ဖက်ထားလိုက်သည်။

အရမ်းဆိုးနေတာ.. အရမ်းဆိုးနေတာ..

သို့သော်.. ​နေမင်းခရင်ဘက်ထဲမှာတော့ အပျော်လှိုင်းတွေသာလှုပ်ခပ်နေပါသည်။

သူမလေးက အမြဲတမ်းသူ့ကို စည်းတစ်ခုခြားနေသလို ဆက်ဆံပြောဆိုပေမဲ့ ခုလိုတရင်းတနှီးရှိလာတာလဲ သူ့အတွက် အလွန်ကောင်းပါသည်။

"ကိုကိုလို့ခေါ်လို့"

သူမ ဆံပင်လေးတွေကိုအပေါ်မခပ်ဖွဖွအနမ်းပေးလိုက်၏။

သူ့ရင်ခွင်ထဲကနေ သူ့ကိုမော့ကြည့်လာပြီး..

ပြုံးတုံ့တုံ့နှင်လုပ်ကာ "ခေါ်ဘူး''

''အဟွန်း..ကိုယ့်ကိုခုခေါ်လိုက်တာကောင်းမယ်နော် မဟုတ်ရင်..."

နေမင်းခ သူမကိုပို၍တင်းကြပ်နေအောင်ဖက်လိုက်ပြီး သူ့မျက်နှာကိုပို၍ငုံ့လိုက်ချိန်တွင်တော့
သူ့ရင်ခွင်ထဲမျက်နှာအတင်းကပ်ထားရင်း ခေါင်းအကြိမ်ကြိမ်ခါကာ ပြန်ကိုခေါင်းမော့မလာတော့..

ဟူး..သူလည်း ကြာရင်ရူးရချေရဲ့....
ချိန်းခြောက် ဖို့တောင်မတက်နိုင်တော့ပဲ အလိုလိုကိုအရှုံးပေးရတော့တာ..
အနှင်းလေးရဲ့အလိုတော်ကျသာ..
သူမလေး မလုပ်ချင်ဘူးဆို မလုပ်ရပါဘူး.

"အိမ်ပြန်တော့လေ...မနက်ဖြန် လည်း အလုပ်တွေပိနေမှာကို"

''ပိလည်းကွာ နောက်နေ့ အသေးလေး ရောက်တော့မှာဆိုတော့ ကိုယ်က အားတွေရှိပါရဲ့''

''ဘာလဲ... ကလေးကလားနဲ့ "

နှာခေါင်းလေးရှုံ့ကာ သူ့ကို ပြန်ပြောပြီး
သူမရဲ့လက်လေးတွေက သူ့နောက်ကျောသိူ့ရောက်လာတယ်ဆိုတာခံစားလိုက်ရသည်။

ချစ်သော သာမန်Where stories live. Discover now