Ep - 6 သူတို့

8.9K 247 6
                                    

Unicode...

" Welcome back to Myanmar ''

ဆိုတဲ့ ဆိုင်ဘုတ်ကိုကိုင်ပြီး လေဆိပ်မှာ
လွန်ခဲ့တဲ့ တစ်နာရီထဲက ​ပြုံးဖြဲဖြဲနဲ့ရပ်နေတာကတော့ သေချာပေါက် ကောင်းသန့်ပင်..
မပြုံးပဲနဲ့လည်း မနေနိုင် ဘာလို့ဆို သူ့အကိုကြီးက ကျောင်းတက်ပြီးလို့ ပြန်လာတော့မည်ကိုးးး

၅ နှစ်လုံး တစ်ရက်မှ ပြန်မလာခဲ့သည့် အကိုကြီးလေ။

ဖွားဖွားကြီးက တွေ့ချင်လို့ သတိရလို့ ပြန်လာပါ ပြန်လာပါ အာပေါက်မတက်ပြောပြီး ပြန်ခေါ်တာတောင်မှ

အေးစက်စက်နဲ့ ပြန်ပြောတာက

" မအားဘူး'' တဲ့လေ သွေးအေးလွန်းချက်က..

ခုတော့
ခရီးဆောင်အိတ်တစ်လုံးသာ ပေါ့ပေါ့ပါးပါးဆွဲလာပြီး ၆ပေကျော်အရပ် ဖြူဉနေတဲ့အသားအရည် နှာတံပေါ်ပေါ် မေရိုးထင်းထင်းနှင့် အရယ်အပြုံးမရှိ နှုတ်ခမ်းကခပ်တင်းတင်းစေ့ထားတဲ့ ​​နေမင်းခရဲ့ နေကာမျက်မှန်အောင်တွင်မှ သူ့ရဲ့ အေးစက်နေတဲ့ အကြည့်စူးစူးကို အ​ဝေးကနေတောင်ကောင်းသန့်ခံစားနေရသည်။
ဒါပေမဲ့လည်း ချောတုန်းပဲ....

တစ်ကိုယ်လုံးအနက်ရောင်ဝတ်ထားတော့ ပိုလို့ပင်ကြည့်ကောင်းနေသေးသည်

ကို့ဆရာကိုယ် အမှတ်ပေးရင်း ဆိုင်းပုဒ်ကြီးကို ခပ်မြင့်မြင့်ပင် ထပ်ထောင်လိုက်သည် ။

သို့သော်
ဖြေးဖြေးချင်း လျှောက်လာတဲ့နေမင်းခကတော့ ကောင်းသန့် ကိုကျော်ကာ လေဆိပ်မှ ထွက်သွားလေတော့ သူ့မှာ အမောတကော အပြေးလိုက်ရင်း....

"အကိုကြီး ကျွန်တော့ကို မမှတ်မိဘူးလား ကျွန်တော် ​ကောင်းသန့်လေ"

ဒီရုပ်ခွေးချီသွားတောင်မှ မှတ်မိသည်။
အမိမြေမှ ထွက်သွားတာ ၅နှစ်လောက်ကို အပိုတွေလုပ်ပြနေတာ ဒီကောင် ....

သွားဖြဲကြီးနဲ့လုပ်နေလို့ တမင် ကျော်သွားတာ
ဒါတောင်အရှက်မရှိနောက်က လိုက်မေးသေးသည်။

" မင်း ငါပြန်လာရင် ဒီပုံစံမမြင်ချင်ဘူး ငါ့နောက်ဆက်လိုက်ချင်ရင် ငါအာကိုးလို့ရအောင်နေ ကြိုးစားထား....​ အေး....ဘာအသုံးမှမကျရင် ခွေးစာဖြစ်ပြီမှတ်"

ချစ်သော သာမန်Unde poveștirile trăiesc. Descoperă acum