Unicode.....
ခပ်သေးသေးပုံရိပ်လေး သူ့နားရောက်လာချိန်တွင်တော့
သူဝိုင်ခွက်ကို လှမ်းကိုင်လိုက်ပြီး လှည့်နေလိုက်သည်။
'' လူကြီးမင်းရှင့် ဝိုင်ထည့်မလို့ အဆင်ပြေပါသလားရှင်''
သူ့နားတွင် တိုးညင်းစွားပြောလာတဲ့အသံလေး..
ဝိုင်ခွက်လှည့်နေသည့်သူ့လက်တွေ တုန့်ကနဲ ရပ်သွားသည်။
စဉ်းစားထားတဲ့အစီအစဉ်တွေကလည်း
ဘယ်ရောက်ကုန်မှန်းမသိတော့...သူ့လက်ကိုငြိမ်ပေးလိုက်ပြီး ဝိုင်ထည့်ဖို့ သူစောင့်ပေးနေလိုက်မိသည်။
သို့သော် ဝိုင်ပုလင်းကို ငြင်သာစွာကိုင်ပြီး
သူ့အနားလာရပ်နေသည့်ကောင်မလေးဆီက ချိုချဉ်နံ့ခပ်သင်းသင်းထပ် ရချိန်တွင်တော့
ရုတ်တစ်ရပ် သူအသက်အောင့်လိုက်မိသလို
သူ့သွေးတွေလည်း ခေါင်းထဲသို့စီးဝင်သွားသလိုခံစားလိုက်ရသည်။တစ်ချိန်ထဲမှာပဲ... သူမသိလိုင်ခင် ဝိုင်ခွက်ကိုင်ထားသည့်လက်က လှုပ်ရှားသွားလေေတာ့သည်။
' အို ' ဟူသော နူးနူးညံ့ညံ့နှင့်အတူ တုန်ယင်သောအသံလေး နှင့်
ေနမင်းခရင်ဘက်တွင်လည်း ဝိုင်အချို့က စိုရွဲသွားပြီဖြစ်သည်။'' တောင်း...တောင်းပန်ပါတယ်''
သူမအသံလေးကြားတော့မှသူ အသိဝင်လာပြီး ကြည့်လိုက်မိတော့ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေသော ဝိုင်အချို့နှင့် ဖန်ခွက် အပိုင်းအစအချို့
ဒါ့အပြင် သူ့ကို 90ဒီဂရီ ခါးကုန်းကာ တောင်းပန်စကားဆိုနေသည့်ကောင်မလေး....
သူအလျှင်အမြန်ထရပ်လိုက်ချိန်တွင်တော့ ဆိုင်က မန်နေဂျာနှင့်အတူ ဝန်ထမ်းအချို့ကပါ သူတို့ဝိုင်းနားသို့ အပြေးတပိုင်းေလျှာက်လာကာ တောင်းပန်ကြတော့သည်။
သူကတော့ ရုတ်တရက် ဘာမှနားမလည်လိုက်သလို မျက်နှာသေးသေးလေးနှင့် သူ့ကိုမော့ကြည့်လိုက် ခေါင်းငုံ့ပြီးတောင်းပန်လိုက်နှင့်လုပ်နေသည့် ကောင်မလေးကိုသာ အာရုံစိုက်နေမိသည််။
YOU ARE READING
ချစ်သော သာမန်
Romanceငါသူ့ကိုပျော်စေချင်တယ် သူလိုချင်တယ်ဆိုတဲ့သာမန်ဘဝလေးကိုငါပေးချင်တယ် ငါ့မှာစည်းစိမ်အပြည့် ဉစ္စာအပြည့်နဲ့ ခမ်းနားမှုအကုန်ရှိတယ် သူလိုချင်တာအကုန်ဖြည့်စည်းပေးနိုင်တဲ့ အာဏာရှိတယ် အရာအားလုံးသူ့အတွက်စွန့်လွှတ်ပေးနိုင်ပြီး အကောင်းဆုံးဆိုတဲ့ အရာအားလုံး ငါပေ...