🗞️(၂) -Z

7.5K 181 1
                                    

[Remind : အရင်ခေတ်က ဘိလပ်ပြန်အမျိုးသမီးတွေမှာ စတိုင်ဘောင်းဘီဝတ်တဲ့သူရှိတယ်လို့ ရှာဖွေတွေ့ရှိထားလို့ ထည့်ရေးခြင်းပါ]

အမောင် အပိုင်းနှစ်။ ။

အဖြူရောင် ရှပ်အင်္ကျီလက်ရှည်အား လက်တံတောင်ဆစ်နားထိ ခေါက်တင်လို့ ဝတ်ရသည်။ စတိုင်ပင်ဘောင်းဘီရှည်ပါ ဝတ်ထားရသေးတာမို့ ဒီရာသီဥတုနဲ့တော့ ကျုပ်အတွက် အလွန်ဒုက္ခများရ၏။

" တွေ့ရဖို့အရေး ဒီလောက်ပြင်ဆင်နေရတာ သိပ်တော့မဟုတ်သေးဘူး "

မိမိကိုယ်ကို အမြင်ကပ်စွာ ပြောဆိုပြီးနောက် ဖရိုဖရဲကျနေသော ဆံနွယ်တို့အား စုလို့ထုံးလိုက်သည်။ ဆံပင်အုံမထူတာရယ်၊ ခါးလောက်သာ ရှည်တာရယ်ကြောင့် ခပ်မြင့်မြင့်ဆံထုံးလေးမှာ ကျစ်လျစ်သိပ်သည်းမှုတော့ မရှိ။ ကိုယ်လုံးပေါ်မှန်ထဲ ခန္ဓာကိုယ်အား နှစ်ပတ်လောက် လှည့်ကာကြည့်ပြီးနောက်တွင် စိတ်ကျေနပ်မှုရလိုက်သည်။

စာရေးခုံပေါ်တင်ထားသော ရွှေချည်ထိုးပုဝါဖြင့် ပတ်ထားသည့် ကျောက်စိမ်းဆံထိုးလေးအား ယူလိုက်၏။ ပုံစံမှာ ကိုယ်ထည်ကို ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး ထိပ်ဖျားတွင် ရွှေမှုန်အနည်းငယ်ရောကာ ပန်းပွင့်ပုံလေး ထုဆစ်ထားသည်။

ထို့နောက် သူကြီးအတွက် စားစရာလက်ဆောင်အချို့အား နွားလှည်းပေါ်တင်ကာ ထွက်လာလိုက်၏။

" ဗျို့ သူကြီးရေ "

ကိုလှဖေ၏ မာန်ပါပါအော်ခေါ်သံကြောင့် အိမ်ထဲမှ ဦးစွာထွက်လာသူမှာ ဟိုအမျိုးသမီး။

" ဘာကိစ္စတုန်း ကိုလှဖေ "

" ကျုပ်ရဲ့မမလေးက ဘိလပ်ကအပြန် လက်ဆောင်တွေပါလာတာ၊ သူကြီးကို အရင်ဆုံး လာပေးချင်တယ်ဆိုလို့ဗျ "

ကိုလှဖေအပြောကြောင့် နွားလှည်းပေါ်မှလူအား ခင် လှမ်းကြည့်မိသည်။ မနက်က ရုတ်တရက်တွေ့လိုက်ရသော လူထူးဆန်းကပြားမလေးပင်။
စတွေ့တုန်းကကဲ့သို့ အင်္ကျီအဝတ်အစား ဆင်ယင်မှု ပြောင်းလဲခြင်းမရှိသော်လည်း ဘွတ်ဒေါက်ဖိနပ်‌ နေရာတွင် ကတ္တီပါခြေညှပ်လေး ပြောင်းသွား၏။ ဆံနွယ်တွေကို ဖားလျားမချထားတော့သည်ကြောင့် မျက်နှာချောချောအား ရှင်းလင်းစွာ မြင်ရသည်။

အမောင် (completed)Where stories live. Discover now