မွေးနေ့အပ်ဒိတ်။ ။
ပထမဦးဆုံးအကြိမ် ရေးဆွဲမိသော ပုံတူပန်းချီသည် မြတ်နိုးရသည့် အမျိုးသမီးငယ်နှင့် ပိတောက်တစ်ခတ်ပင်။
" ကိုတင်ဖေ့က ဒီမှာအမြဲလာပြီး ပန်းချီဆွဲတာလား "
" ဒေါက်တာ စကားလမ်းကြောင်းလွှဲမှန်းသိပေမယ့် ကျုပ်ဖြေပေးပါ့မယ်။ ဟုတ်တယ် ဒေါက်တာ ဒီနေရာက တိတ်ဆိတ်လို့ ဘုန်းဘုန်းဆီကခွင့်တောင်းပြီး ပန်းချီလာဆွဲနေကြ "
" ကိုတင့်ဖေရယ် "
" သူကြီးအိမ်မှာ မလွတ်လပ်မှာစိုးလို့ ကျုပ်ဒီကိုခေါ်လာတာ။ ပြောစရာရှိတယ် ဒေါက်တာ "
တအံ့တဩဖြင့် ပြန်လည်မော့ကြည့်မိသော အခိုက်အတန့်။ အတိတ်ဟောင်းရှိ လူတစ်ဦးနှင့် ဆင်တူရိုးမှားဟု ထင်ခဲ့မိသော်လည်း တကယ့်လက်တွေ့တွင် တပ်တပ်စင်လွဲ၏။ ကိုတင်ဖေ့ဆိုသူသည် တစ်ဖက်သားဘက်ကို များစွာငဲ့ညှာသူပင်။
" မပြောရင်တော့ အကောင်းဆုံးပဲ ကိုတင့်ဖေ။ ဘာလို့ဆို အငြိမ်းမှာ ကိုတင့်ဖေအတွက် အဖြေစကားမရှိဘူး "
" ကျုပ်ကလည်း လူထဲကလူမို့ အတ္တရှိပါတယ် ဒေါက်တာ။ ဒါပေမယ့်လေ ဒေါက်တာရဲ့အပြုံးလေးတစ်ပွင့်ကအစ မသိမသာ မျက်စောင်းလေးအဆုံး ကျုပ်အတ္တကြီးစွာ တစ်ကိုယ်တည်းမတပ်မက်မိပါဘူး။ မြတ်နိုးမိသွားတဲ့ ပိတောက်ပန်းလေးလိုပဲ ကျုပ်အချစ်တွေ နွမ်းလျသိမ်ငယ်ရပါတယ် ဒေါက်တာ "
" အိုကွယ် "
" သိစေချင်ရုံလေးပါပဲ ဒေါက်တာ၊ ကျုပ်ဘယ်လောက်ထိ ချစ်မြတ်နိုးကြောင်း သိသွားစေချင်ရုံလေးပါ "
ကောက်စိုက်သမလေးကို မေတ္တာသက်ဝင်ဖူးသလို ကောလိပ်ကျောင်းသူကြီးနှင့်လည်း ချစ်ကျွမ်းဝင်ခဲ့ဖူးပါသည်။ ပုဂံဘုရားဖူးသွားစဉ်က အညာသူလေးကို စာခိုးပေးခဲ့ဖူးပြီး တောင်ကြီးသူ ရှမ်းမလေးတွေဆီလည်း ရေဒီယိုလူငယ်သွားလုပ်ခဲ့ပါ၏။ ဒါဟာ မှန်သောထွက်ဆိုစကားပါ ဒေါက်တာ။
ကြာလေသောအခါမှ ထုံးသည့်ကြိုးထက် မြင်မြင်ချင်းတစ်ခဏမှာတင် ငြိသွားသောကြိုးက ပိုမြဲလေသလား။ အင်္ဂလိပ်ဆောင်းပါးတစ်ခုမှာ ဖတ်လိုက်ရသည့် စာတန်းစုလေးလို မြင်မြင်ချင်းအချစ်ဟု ကျုပ်ခေါင်းစဉ်တပ်မိသည်။ ဒုက္ခပါပဲ ဒေါက်တာရယ်၊ နေပူပူအောက်က ခပ်နွမ်းနွမ်းပိတောက်ပန်းလေးကို ကျုပ်ဖြင့် အရူးအမူး။ ဘယ်ဆေးစားမှ ပျောက်ကင်းနိုင်မှာပါလိမ့် ဒီရောဂါရယ်။
CZYTASZ
အမောင် (completed)
Romansage gap (U/Z) " အမောင်ဟာ အမောင်ပါပဲ ထာဝရအတွက်ပေါ့ " ၅ ဇွန်လ ၂၀၂၂ - ၃ နိုဝင်ဘာလ ၂၀၂၂ 🗞️ " အေမာင္ဟာ အေမာင္ပါပဲ ထာဝရအတြက္ေပါ့ " ၅ ဇြန္လ ၂၀၂၂ - ၃ နိုဝင္ဘာလ ၂၀၂၂