အမောင် အပိုင်းတစ်ဆယ့်တစ်။ ။
မောင်းနှင်လာသော လှည်းယာဉ်လေးသည် ဒေါ်ခင်မူယာ၏ခြံရှေ့၌ တိခနဲရပ်တန့်သွားလေပြီ။ အကြောင်းမှာကား လှမ်းနှုတ်ဆက်လာသော သူကြီးကြောင့်ပင်။
" ဘယ်ကိုတုန်း လီလီ "
" ကျုပ်မြို့ကို ခဏသွားမလို့ပါ၊ မှာစရာများရှိလို့လား သူကြီးမင်း "
ထိုစဉ် ကျုပ်တို့ရှိရာအနားသို့ လျှောက်လှမ်းလာသည့် ဒေါ်ခင်မူယာ။ ပြုံး၍ ငေးကြည့်မိသည်။
" ခင် မှာစရာလေးရှိတယ် အမောင် "
" မြို့မဈေးတစ်ခုလုံးကို မှာမယ်ဆိုရင်တောင် ရအောင်သယ်လာပေးပါ့မယ် "
ရှေ့မကြည့်နောက်မကြည့်ဆိုလာသော လီလီယာမောင့်စကားကြောင့် ဒေါ်ခင်မူယာရဲ့မျက်လုံးလေးများ ဝိုင်းစက်သွားရ၏။ ကိုလှဖေပင် အယောင်ယောင်အမှားမှား လက်ထဲမှကြိမ်တုတ်အား လွှတ်ချမိသည့်အဖြစ်။
" ဟို .. ဟို ကျုပ်ကသူကြီးညီမဆိုတော့ ကူညီပေးချင်လို့ပါ "
အခြေအနေအား အမြန်ပြန်ထိန်းလိုက်ရသည်။ မဟုတ်ပါက ကျုပ်အသည်းတော်ညှာလေး ကောက်တော်မူသွားလို့ အချော့ခန်းအား ကျုပ်ကရဦးမည် မဟုတ်ပါလား။
" ချည်လုံးလေးတွေဝယ်ခဲ့ပေးပါလားကွယ်။ ကျသင့်ငွေကို ခင် ပေးလိုက်ပါ့မယ် "
ဝယ်ပေးချင်သော်လည်း ဒေါ်ခင်မူယာငြင်းမည်ကို သိနေတာမို့ စကားမဟဖြစ်။ ထို့ကြောင့် ကမ်းပေးလာသော ပိုက်ဆံကိုသာ လှမ်းယူထားလိုက်ရသည်။
" ဘာအရောင်ဝယ်လာပေးရမှာလဲ ဒေါ်ခင်မူယာ "
" ခရမ်းရောင်လေး အမောင် "
" ဟုတ်ပြီ၊ ဒါဆို ကျုပ်သွားတော့မယ်နော် "
" ဂရုစိုက်သွားပါ အမောင် "
လုံလောက်သော ပူပင်ခြင်းလေးပါ။
ရှေ့ဆက်ခရီးတွင် တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် ကျုပ်မမှုတော့ပါဘူး။" ခင် မျှော်နေမယ် "
" ကျုပ်အမြန်ပဲ ပြန်လာခဲ့ပါ့မယ် ဒေါ်ခင်မူယာ "
ကိုယ့်ကိစ္စကို နောက်မှလုပ်မည်ဟု ချန်ထားလိုက်ပြီး အရင်ဦးဆုံး မြို့မဈေးဆီသို့။ ချည်လုံးများဝယ်ပြီးမှသာ မိမိရည်ရွယ်ကာလာသော နာရီဆိုင်သို့ ဦးတည်လိုက်သည်။
ВЫ ЧИТАЕТЕ
အမောင် (completed)
Любовные романыage gap (U/Z) " အမောင်ဟာ အမောင်ပါပဲ ထာဝရအတွက်ပေါ့ " ၅ ဇွန်လ ၂၀၂၂ - ၃ နိုဝင်ဘာလ ၂၀၂၂ 🗞️ " အေမာင္ဟာ အေမာင္ပါပဲ ထာဝရအတြက္ေပါ့ " ၅ ဇြန္လ ၂၀၂၂ - ၃ နိုဝင္ဘာလ ၂၀၂၂