🗞️(၂၃) -U

15.5K 1.1K 56
                                    

နှိုင်းမရမောင် ~~

တောင်းပန်ပါတယ် ဦးသတ္တစည်သူဟု ခင် ခဏခဏ ရေရွတ်မိ၏။ ထိုသည်မှာ တစ်နေ့တာရဲ့ အလုပ်ပိုတစ်ခုလိုပင်။ သားငယ်လေး ရက်တစ်ရာပြည့်မှာ ' နှိုင်းမရမောင် ' ဆိုတဲ့ နာမည်လေးကို ခင် ကိုယ်တိုင်မှည့်ပေးလိုက်မိသည်။ တစ်ကိုယ်ကောင်းဆန်တယ်ပဲဆိုဆို ခင့်လုပ်ရပ်မမှားဘူးဟု ထင်ပါရဲ့။

ဘယ်လိုအရာတွေနဲ့မှ နှိုင်းတုလို့မရအောင်အထိ အမောင့်ကို ချစ်ပါသည်။ အမောင်ပြောဖူးသလို ခင့်အသွေးအသားတွေနဲ့ တည်ဆောက်ထားရတဲ့ သားငယ်လေးမို့ အတ္တကြီးစွာပဲ ခင့် အသွေးထဲအသားထဲကနေ ချစ်ရသော အမောင့်နာမည်ပါအောင် အမည်ပေးခဲ့မိ၏။

လက်ရှိ အမောင်နဲ့ခင်ရဲ့ အနေအထားမှာ ခေါင်းစဉ်မရေးထားမိသော စာစီစာကုံးတစ်ပုဒ်လိုပင်။ ချစ်သူတွေလည်းမဟုတ်တော့သလို၊ သူစိမ်းတွေလည်း မဟုတ်ပါ။ အမောင်က အလုပ်သွားအလုပ်ပြန်တိုင်း အိမ်ကို တစ်ထောက်ဝင်နားကာ သားငယ်လေးနဲ့ ဆော့ကစားတတ်သည်။ နေ့လည်ထမင်းစားချိန်တွေလည်း အိမ်မှာထမင်းလာစားကာ စကားစမြည်ပါ ပြောတတ်သေး၏။

ခင်နဲ့အမောင် သေချာတွေ့ရသော အချိန်တွေကတော့ အလွန်ရှား၏။ သားငယ်လေးအိပ်နေတဲ့အချိန် အမောင်ပါ အားတဲ့အခါနဲ့ကြုံမှ စိန်ပန်းပင်ကြီးအောက် တွေ့ဖြစ်ကြသည်။ တစ်ခါတလေဆို အခုတွေ့၊ အခုပြန်ရသော အခေါက်မျိုးများလည်း ရှိ၏။

" ဗျို့ ဒေါ်ခင်မူယာ "

" အမောင်လာပြီပဲ ဒီနေ့နည်းနည်းနောက်ကျတယ်နော် "

" ကျုပ်ကိုစောင့်နေတာလား ဒေါ်ခင်မူယာ "

" သားငယ်လေးတောင် အိပ်သွားပြီ အမောင်။ ခင်တို့ ထမင်းစားကြရအောင် "

မျက်နှာလေးများနီရဲကာ စကားလမ်းကြောင်းလွှဲနေသူကို တမြတ်တနိုး ငေးကြည့်မိသည်။ တစ်သားမွေး တစ်သွေးလှဆိုတာ တကယ်မှန်၏။ အစကတည်းက ဝင်းမွတ်နေသော အသားအရည်ဟာ အိမ်တွင်းအောင်းရခြင်းကြောင့် ကြည်လင်ကာ သွေးကြောစိမ်းစိမ်းလေးများ ထင်းလျက်။

" ကျုပ်မေးတာဖြေဦးလေ ဒေါ်ခင်မူယာ၊ ကျုပ်ကို စောင့်နေတာလားလို့ဆိုနေ "

အမောင် (completed)Hikayelerin yaşadığı yer. Şimdi keşfedin