အမောင် အပိုင်းခြောက်။ ။
ဖွင့်ဟထားသော ပြတင်းပေါက်တံခါးဆီမှ ကျူးကျော်ဝင်ရောက်လာသည့် အငွေ့များ။ လေရှူမိခိုက် အလုံးအရင်းဝင်လာသော ထိုအငွေ့များကြောင့် နှုတ်ခေါင်းရှုံ့မိလေသည်။ တစောင်းအနေအထား လှဲနေရာမှ ပက်လက်လှန်ကာ ဖိပိတ်ထားသော မျက်ခွံတို့ကို တစ်ပါတည်းလှပ်မိ၏။
" ဒေါ်ခင်မူယာ "
တစ်နေ့တာရဲ့အစမှာ ဒေါ်ခင်မူယာရှိနေ၏။ ပထမဆုံးအနေဖြင့် ရေရွတ်မိသော စကားလုံးသည် ဒေါ်ခင်မူယာဟူသော အမည်နာမဖြစ်၏။ မျက်လုံးထဲ ပြေးမြင်မိသည်မှာလည်း စိန်ပန်းနီနီလေးပန်လျက် အလှသွေးဖြာနေသော ဒေါ်ခင်မူယာ၏ မျက်နှာတော်လေးသာ ဖြစ်လေသည်။
ပြတင်းပေါက်ဘက်သို့ လှမ်းလို့ကြည့်သောအခါ မီးခိုးရောင်အငွေ့များအား တွေ့ရ၏။ ကျုပ်စိတ်ထင်မမှားရင် ကိုလှဖေတစ်ယောက် သစ်ရွက်ခြောက်တွေ မီးရှို့နေခြင်းပင်ဖြစ်ပေမည်။ ကိုယ်ပေါ်ခြုံလွှားထားသည့် အညာစောင်ပါးအား ဘေးသို့အသာဖယ်လိုက်သည်။ လူးလိမ့်ထားသောကြောင့် ဖရိုဖရဲဖြစ်နေသည့် ဆံနွယ်များနှင့် အဝတ်အင်္ကျီအား အသပ်အရပ်မဟုတ်တန်ငြားလည်း အမြင်လှအောင် ပြန်လည်ပြင်ဆင်ဖြစ်၏။
" ဗျို့ ကိုလှဖေ "
ပြတင်းပေါက်ဘက်သို့ မော့ကြည့်လာ၏။ ချွေးသံတရွဲရွဲနှင့် ကိုလှဖေမှာ များမကြာမီက ထင်းခွဲ၊ရေခပ်ခြင်းကိုလည်း ပြုထားဟန်ပင်။
" ကျုပ်ဘုန်းကြီးကျောင်းသွားချင်လို့ လိုက်ပို့ပေးဦးနော် "
" ဟုတ်ကဲ့ မမလေး "
" မနက်စာမစားရသေးရင် စားထားချေတော့ ကိုလှဖေ။ ဘုန်းကြီးကျောင်းကအပြန် တင့်ဖေတို့ဆီ တစ်ဆက်တည်းဝင်လည်မလို့ "
" အခုပဲ သွားစားလိုက်ပါ့မယ် မမလေး "
ကိုလှဖေအပြောအား အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းအသာငြိမ့်ပြလိုက်သည်။ ထို့နောက် မိမိလည်းပြင်စရာရှိတာများ ပြင်ရဦးမည်မို့ အချိန်ဆွဲမနေပဲ ရေချိုးရန် အုတ်ကန်ဆီသို့။
မေမေဝယ်ပေးထားတာ ကြာပြီဖြစ်နေသော ပါတိတ်ဝမ်းဆက်လေးကို ထုတ်ဝတ်ဖြစ်သည်။ မဟုတ်ပါက တစ်ကြိမ်မျှမဝတ်ရသေးပဲ မတော်တော့လိမ့်မည်။
ESTÁS LEYENDO
အမောင် (completed)
Romanceage gap (U/Z) " အမောင်ဟာ အမောင်ပါပဲ ထာဝရအတွက်ပေါ့ " ၅ ဇွန်လ ၂၀၂၂ - ၃ နိုဝင်ဘာလ ၂၀၂၂ 🗞️ " အေမာင္ဟာ အေမာင္ပါပဲ ထာဝရအတြက္ေပါ့ " ၅ ဇြန္လ ၂၀၂၂ - ၃ နိုဝင္ဘာလ ၂၀၂၂