🗞️(၁၅) -U

13.8K 1.1K 32
                                    

အမောင် အပိုင်းတစ်ဆယ့်ငါး။ ။

~~ ဆေးကျောင်းက မောင့်ရဲ့အချစ်လေး
မောင့်လာကုပေး ~~

အမှောင်ထုကို ဖြိုခွင်းလေသော မီးအိမ်ငယ်။
ပွင့်ဟလာသည့် ပြတင်းတံခါးလေးနှင့်အတူ နောက်ကွယ်ရှိ ထိုအမျိုးသမီး။ မြေပြင်မှာသာသော လမင်းလေးလိုပင်။

" ငဖေ ဟိုမှာမင်းရဲ့ ဒေါက်တာလေး "

သီချင်းဆိုနေရာမှ တင့်ဖေတစ်ယောက် အတောက်ပဆုံး ပြုံးလိုက်လေသည်။ ထို့နောက် ပင်ကိုယ်အသံအနေအထားမှ ထပ်တိုးကာ မြှင့်၍သီဆိုလာ၏။

အိပ်မပျော်သော ညတာများထဲမှ တစ်ညပေါ့။
ကိုယ့်အိမ်ကိုယ်ရာ မဟုတ်သဖြင့် နေချင်သလိုနေဖို့ မသင့်ပေ။ ထိုသည်မို့ အခန်းလေးအား အမှောင်ချလို့ တစ်ကိုယ်တည်း အဆွေးပင်လယ်ထဲ လက်ပြစ်ကူးနေမိ၏။

ရုတ်တရက်ဆန်စွာ ကြားလိုက်ရသော မယ်ဒလင်သံ ခပ်အေးအေး။ သီချင်းဆိုသံ ခပ်ဖြည်းဖြည်း။ တစ်ချိန်က အတိတ်လူအား ဆို့နင့်စွာ သတိရစေလေသည်။ အမှတ်မရှိစွာ မီးအိမ်ကိုအမြန်ထွန်း၊ ပြတင်းတံခါးကို ခပ်သွက်သွက်ဖွင့်ကြည့်လေသောအခါ သီဆိုနေသူသည် ထင်မှတ်ထားလေသူ မဟုတ်ခဲ့ပေ။

" ကိုတင့်ဖေဆိုသူက ဘာလို့များ တို့အချစ်နဲ့ သိပ်တူရတာလဲကွယ် "

သက်ပြင်းမောလေးချရင်း ပြတင်းတံခါးကို ပြန်ပိတ်လိုက်သည်။ ထို့နောက် တစ်ဖန်ပြန်လည်ရောက်ရှိသွားသည့် အမှောင်ထု။

တင့်ဖေမျက်နှာကွက်ခနဲပျက်သွားလေသည်။ အကြောင်းမှာကား နာရီလက်တံတစ်ပတ်ပြည့်အောင်ပင် မကြာလိုက်လေသော ပြတင်းတံခါးလေးကြောင့်သာဖြစ်၏။

" ကျုပ်အလှည့်နော် "

လီလီယာမောင် တက်တက်ကြွကြွပြောလိုက်သောငြား တင့်ဖေမှာတော့ အင်းမလုပ်အဲမလုပ်။ အမှောင်ကျနေသော အခန်းတည်နေရာလေးကိုသာ ငေးလို့နေ၏။

~~ မျက်စိမှိတ်ထားသော်ငြား သူ့အရိပ်ထင်နေတာ၊
နှလုံးသားကိုနားဆင်ငြား စကားတွေပြောနေလိုက်တာ ~~

ခြံဝင်းထဲ တရွေ့ရွေ့လျှောက်လှမ်းလာသည့် ပုံရိပ်ကလေး။ နှစ်ယောက်မရှိလေသော ကျုပ်အသည်းညှာပင်ဖြစ်သည်။

အမောင် (completed)Tempat cerita menjadi hidup. Temukan sekarang