🗞️(၁၆) -U

14.3K 1K 60
                                    

အမောင် အပိုင်းတစ်ဆယ့်ခြောက်။ ။

နည်းနည်းလေးတောင်
အတိမ်းအစောင်းမခံချင်သော
မေတ္တာလမ်းသွယ်လေးပါ။
ကျုပ် ဂရုတစိုက် ခင်းကျင်းပေးပါ့မယ်။
ကျုပ် အသေအချာ‌ ကြီးကြပ်ပါ့မယ်။
သတိ ခွေးဖြတ်မလျှောက်ရ
ကျုပ် ရင်ကွဲလိမ့်မည်။ ။

သူကြီးအိမ်ထဲရှိ သင်ဖြူးဖျာလေးပေါ်တွင် လူတစ်စု တိတ်ဆိတ်ကာ ထိုင်နေကြ၏။ ထိုလူအုပ်ကြားတွင် အုန်းပွဲငှက်ပျောပွဲမှာ အကျအန‌ နေရာယူထားလျက်။

" ကျုပ်ကတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး။ မယ်ခင့်သဘောအတိုင်းပဲ ဆောင်ရွက်ပေးမှာပါ "

လူတိုင်းရဲ့ အကြည့်သည် ဒေါ်ခင်မူယာဆီသို့။ ထိုအခါ အရှက်ပိုသူ အမျိုးသမီးကြီးက ခေါင်းကိုငုံ့ကာ စကားဆိုလေ၏။

" ကိုကိုကြီးကို ခင် တောင်းပန်ပါတယ်။ ရှေ့မျက်နှာနောက်ထားလို့ ခင့်ကို အမောင်နဲ့ သဘောတူလက်ခံပေးပါ "

" ဟော မယ်ခင်ရယ်၊ ညည်းသဘောပါပဲဆို "

လက်ရှိအခြေအနေသည် အနည်းငယ် ကမောက်ကမနိုင်သော်လည်း ကြည်နူးချမ်းမြေ့ဖွယ်ကောင်း၏။ အမျိုးသမီးနှစ်ယောက်ရဲ့ စေ့စပ်ကြောင်းလမ်းပွဲလေးပင်။

ရွာမျက်နှာဖုံး သူဌေးကြီးတို့ လင်မယား၏ တစ်ဦးတည်းသော သမီးလေး လီလီယာမောင်မှ သာဓညရွာသူကြီးညီမ ဒေါ်ခင်မူယာအား လာတောင်းမြန်းခြင်းပင်။ ချစ်ခြင်းမေတ္တာထပ်တူပြုပွဲလေးတစ်ခုဖြစ်၏။ အလှဆုံးပြုံးနေသူနှင့် အရှက်သည်းနေသူ၊ ကျက်သရေရှိသော မင်္ဂလာစကားများနှင့် ခပ်လွင်လွင်ရယ်မောသံတို့။

" ကဲ ... ဒါဆို ကျုပ်တို့တွေ မင်္ဂလာရက်ရွေးကြတာပေါ့ဗျာ "

" ပြောရမှာအားနာပေမယ့် မင်္ဂလာပွဲကို ကျုပ် ဘိလပ်ကပြန်လာမှပဲ စီစဉ်လို့ရမလား သူကြီး "

" ဟေ လီလီက ဘိလပ်ကို ဘာသွားလုပ်ဖို့တုန်း "

" ကျုပ် ကျောင်းဆက်တက်ရဦးမယ် သူကြီး။ မိဘတွေကို ဘွဲ့ရအောင်ယူပြီးမှ အိမ်ထောင်ပြုပါ့မယ်လို့ ကျုပ် ကတိခံထားနှင့်ပြီးပြီမို့ပါ။ ကျုပ်ကို ခွင့်လွှတ်ပေးပါ "

အမောင် (completed)Donde viven las historias. Descúbrelo ahora