🗞️(၅) -U

16.1K 1.4K 62
                                    

အမောင် အပိုင်းငါး။

ချစ်မိခြင်းက မိုက်မဲခြင်းတဲ့လေ။
ဒေါ်ခင်မူယာဟာ သံသရာအဆက်ဆက် ကျုပ်မိုက်မဲပြစ်လိုက်ချင်သော ရူးသွပ်မှုလေးပေါ့။

" ဗျို့ သူကြီးခဗျ "

" ကိုလှဖေတို့ပါလား ဘာကိစ္စနဲ့လာတာလဲရှင့် "

" ဒီတိုင်းအလည်သက်သက်ပါပဲဗျာ "

" ကိုကိုကြီးက ဘုရားစိန်ဖူးတော်တင်ပွဲသွားတယ်၊ အိမ်မှာ ခင်နဲ့ မမကြီးပဲရှိတယ် "

ထင်ထားသည့်အတိုင်း သူကြီးမရှိပါ။
ဟိုဘက်ရွာတွင် ဘုရားစိန်ဖူးတော်တင်ပွဲရှိသည်မို့ မနက်ကတည်းက ဖေဖေလည်း အိမ်တွင်ရှိမနေ။ ထိုနေရာအား သူကြီးနဲ့အတူသွားကြခြင်းဖြစ်လိမ့်မည်။

" ကဲ ဒါဆို ကိုလှဖေပြန်နှင့်တော့၊ ကျုပ်ပဲ စောင့်နေခဲ့တော့မယ် "

ကိုလှဖေတစ်ယောက် လာရာလမ်းအတိုင်း ပြန်သွားချေပြီ။ ကျုပ်နဲ့ ဒေါ်ခင်မူယာလည်း ခြံထဲရှိ ကွပ်ပျစ်လို့ လျှောက်လာလိုက်သည်။

" လွတ်လွတ်လပ်လပ်နေနော်၊ ခင် လက်ဖက်သွားသုပ်ဦးမယ် "

" မသွားပါနဲ့‌ ဒေါ်ခင်မူယာရယ်၊ ကျုပ်တစ်ယောက်တည်း ထိုင်နေရမှာ ပျင်းလို့ပါ "

" ခဏပဲကြာမှာပါ "

" ခဏဆိုတဲ့အချိန်က ဒေါ်ခင်မူယာမရှိတဲ့ ကျုပ်ရဲ့တစ်နေ့တာအတွက် အရှည်ကြာဆုံး အစိတ်အပိုင်းပါပဲ။ မသွားပါနဲ့ ကျုပ်ရေနွေးကြမ်းပဲသောက်ပါ့မယ် ဒေါ်ခင်မူယာ "

ကွပ်ပျစ်လေးပေါ်တွင် မျက်နှာ‌ချင်းဆိုင်ထိုင်ကာ နှစ်ဦးသားတိတ်ဆိတ်လို့ရယ်။ ငှဲ့ထားသော ရေနွေးကြမ်းခွက်လေးမှာတော့ သောက်သုံးသူမဲ့လျက်။

မည်သည့်စကားကိုမျှ မဆိုပါပဲ ခင့်မျက်နှာအား တစိုက်မတ်မတ်ကြည့်နေသူကြောင့် အနေရကျုံ့လေပြီ။ အကြည့်စူးစူးများဟာ အံ့ဩဖွယ်ကောင်းလောက်အောင်ကို ကြည်နူးခြင်းများဖြင့် ပြည့်နှက်လျက်ရှိသည်။ ကြည်လဲ့လဲ့ ထိုမျက်ဝန်းများအား ခင် ဘယ်လိုအင်အားနဲ့မှ မတွန်းလှန်နိုင်တော့။ ထို့ကြောင့် ကိုယ့်ဘက်ကသာ စကားစဖို့အရေး အကြောင်းဖန်လာတော့သည်။

အမောင် (completed)Wo Geschichten leben. Entdecke jetzt