တောက်ခေါက်သံသည် မျက်နှာချောချောနှင့်မှ မလိုက်ဖက်။ အားပြင်းလွန်းကာ ကျယ်လောင်၏။
" အသားတွေ တဆတ်ဆတ်တုန်ပြီး လူပါသတ်ချင်နေတယ် "
လီလီယာမောင်၏ ဒေါသမီးတောက်လေးမှာ အရှိန်အဟုန်ဖြင့် လောက်ကျွမ်းနေ၏။ လက်သီးကိုခပ်ကျစ်ကျစ်ဆုပ်ထားပြီး တောက်တစ်ခေါက်ခေါက်ဖြင့်။ မထင်ရင်မထင်သလို စားပွဲခုံကိုလည်း လက်သီးဖြင့် ထုရိုက်ပြန်သေးသည်။
" သူကြီးညီမက မင်းကိုပဲချစ်တာမလား။ ဒါဆိုရင် ရပြီလေကွာ "
တင့်ဖေ ခေါင်းကိုတဗြင်းဗြင်းကုတ်ရင်း စိတ်မရှည်စွာ ပြောလိုက်သည်။
" ကျုပ်မျက်စိရှေ့ အဲ့ငနာကြီး ပေါ်ပေါ်လာတာကို သဘောမကျတာ။ ကျုပ်ရဲ့ ချစ်သက်ညှာလေးက ကျုပ်ကိုပဲ ချစ်တယ်ဆိုတာ သိတယ် "
ကျုပ်သိပ်သိတာပေါ့။
ဗေဒင်ဆရာဆီတောင် သွားမေးစရာမလိုလောက်အောင်မှန်သည်။ ဗန်းစကားအရပြောရရင်ဖြင့် သွေးထွက်အောင်ကို မှန်လေ၏။ ဒေါ်ခင်မူယာချစ်မြတ်နိုးသောသူမှာ ဤဘဒ္ဒကမ္ဘာတွင် ကျုပ်တစ်ဦးတည်းသာ ရှိပေမည်။" မျက်စိရှေ့ပေါ်လာတာ သဘောမကျဘူးဆိုရင်လည်းကွာ သူ့ကိုမြင်တာနဲ့ မျက်စိမှိတ်ထားလိုက်ပေါ့ လီလီရဲ့ "
" ကျုပ်ဒေါသပိုမထွက်ချင်ဘူးနော် "
အစကတော့ တင့်ဖေနဲ့ လီလီပြောနေတာကို နားထောင်ရုံပဲတွေးထားတာ။ အပေါက်အလမ်းမညီသော တင့်ဖေစကားတွေကြောင့် ကျုပ်လည်း အေးဆေးမနေနိုင်တော့ပေ။ ထို့ကြောင့် တင့်ဖေကို ပါးစပ်ပိတ်ပြီးအသာနေရန် အချက်ပြလိုက်ပြီး လီလီ့ဘက်သို့လှည့်ကာ စကားစလိုက်သည်။
" လီလီ အခုခံစားနေရတာတွေကို ကျုပ်တို့ နားလည်ပါတယ် "
ဘကျော်ဆီသို့ ဒိုင်းခနဲကျရောက်လာသော အကြည့်စူးစူးများ။ ဘကျော်သထွေးကို အားယူမြိုချလိုက်ပြီး စကားကိုဆက်လေသည်။
" လီလီ စိုးရိမ်နေသလိုတွေ ဖြစ်မလာစေချင်ရင် လုပ်သင့်တာကို အမြန်လုပ်တော့။ ဘာဆက်လုပ်ရမယ်ဆိုတာ လီလီ နားလည်မှာပါ "
ВЫ ЧИТАЕТЕ
အမောင် (completed)
Любовные романыage gap (U/Z) " အမောင်ဟာ အမောင်ပါပဲ ထာဝရအတွက်ပေါ့ " ၅ ဇွန်လ ၂၀၂၂ - ၃ နိုဝင်ဘာလ ၂၀၂၂ 🗞️ " အေမာင္ဟာ အေမာင္ပါပဲ ထာဝရအတြက္ေပါ့ " ၅ ဇြန္လ ၂၀၂၂ - ၃ နိုဝင္ဘာလ ၂၀၂၂