အမောင် အပိုင်းတစ်ဆယ့်ကိုး။ ။
ဖြစ်တည်မှုတွေ မမှားပါဘူး။
ထိုဖြစ်တည်ခြင်းတွေကို သတ်မှတ်ကြတဲ့လူတွေသာ မှားနေကြတာ။ ကျုပ်ရဲ့အချစ်တွေဟာ ဘယ်သောအခါမှ မမှားမည့်ပုစ္ဆာငယ်ပါ ဒေါ်ခင်မူယာ။ရွာကနေ ကျုပ်ထွက်သွားတဲ့အချိန်က မိုးဦး။ ကျုပ်ပြန်ရောက်တဲ့အချိန်ကတော့ မိုးအကုန်ဆောင်းကူးခါစ။ တစ်နှစ်တာဆိုသော ကာလအတွင်း စိန်ပန်းနီနီလေးတစ်ပွင့် ဘယ်လိုဘယ်ပုံဖြင့် ရှင်သန်ခဲ့ပါသလဲ။ ကျုပ်သိချင်စမ်းပါဘိ ကံကြမ္မာရယ် ... ကျုပ်သိချင်စမ်းပါဘိ။
ဝေဆာခြင်းမရှိလေသော စိန်ပန်းကြီးဟာ အမောင့်အား လှောင်ရယ်လျက်ရှိသည်။ လွန်ခဲ့သောနွေမှာတင် မြေခခဲ့ရပြီဖြစ်သော ပန်းပွင့်လေးများကို အဘယ်ကြောင့်များ ရှာဖွေနေပါသနည်း။ အဘယ်အတွက်များ အမောင် ရှာနေပါသလဲကွယ်။
" ကျုပ်မုန်းလို့မရဘူး ဒေါ်ခင်မူယာရယ် "
အရွက်ကြွေများစုပုံထားသော စိန်ပန်းပင်ကြီးအောက်နားရှိ သစ်ရွက်ပုံအား လက်ဖြင့်ဆွဲဖွနေသော အမောင်သည် အဝေးမှကြည့်လျှင် စိတ္တဇဝေဒနာသည်နှင့်တူ၏။ နှုတ်မှ စကားတစ်ခွန်းကိုသာ တတွတ်တွတ်ရွတ်လို့ မျက်ရည်ပေါက်ကြီးငယ် စီးကျနေလေသည်။ ဟော ... ပူလောင်လိုက်လေခြင်း။
" အရာအားလုံး ပြီးဆုံးသွားပြီ အမောင်။ နှုတ်ဆက်ခဲ့ပါတယ် ချစ်တယ် အမောင် "
ပင်စည်ပေါ်တွင် ထွင်းထုထားသော ထိုစာသားအား အမောင်တစ်ယောက် မြင်လေပြီ။ ဟာခနဲအာမေဋိတ်သံနှင့်အတူ အနောက်သို့ယိုင်ကျသွားသော ကိုယ်လုံးငယ်။ ခေါင်းကိုခါယမ်းပြီး ပို၍တိုးစွာ ရှိုက်ငိုလေသည်။
" သိပ်ကြောက်နေခဲ့မှာပဲ။ ကျုပ်ချစ်သည်းညှာလေး ဘယ်လောက်တောင် ကြောက်နေခဲ့ရမလဲ။ တောင်းပန်ပါတယ် ကျုပ်တောင်းပန်ပါတယ် "
ဖြစ်စဉ်အစအဆုံး ဘယ်သူမှားသလဲဆိုရင် ကျုပ်မသိဘူး။ ဒါပေမယ့် ကျုပ်တောင်းပန်ပါတယ် ဒေါ်ခင်မူယာ။ ကာကွယ်ပေးပါ့မယ်ဆိုပြီး တာဝန်မကြေခဲ့တဲ့ ကျုပ်ကသေဒဏ်ကျသင့်သော အပြစ်သားပါ။
YOU ARE READING
အမောင် (completed)
Romanceage gap (U/Z) " အမောင်ဟာ အမောင်ပါပဲ ထာဝရအတွက်ပေါ့ " ၅ ဇွန်လ ၂၀၂၂ - ၃ နိုဝင်ဘာလ ၂၀၂၂ 🗞️ " အေမာင္ဟာ အေမာင္ပါပဲ ထာဝရအတြက္ေပါ့ " ၅ ဇြန္လ ၂၀၂၂ - ၃ နိုဝင္ဘာလ ၂၀၂၂