🗞️(၂၆) - ဇာတ်သိမ်း U

22.2K 1.3K 93
                                    

အမောင် ဇာတ်သိမ်း။ ။

" ဘာကိစ္စရှိလို့တုန်း မောင်တင့်ဖေ "

" မနက်ဖြန် ဒေါက်တာကို သွားကြိုဖို့ ကျုပ်အခြားတစ်ယောက် စီစဉ်ပေးထားတယ် မမခင်။ ကျုပ် အဲ့ကိစ္စလာပြောတာပါ "

ထိုစကားအဆုံး၌ လီလီယာမောင်‌ထံမှ စူးစမ်းသောအကြည့်တစ်ချက်အား လက်ခံရရှိလိုက်သည်။

" ကျုပ်ပြင်ဆင်စရာလေးရှိသေးလို့ပါ "

" ဘာအတွက်လဲ ငဖေ "

သားငယ်လေးဖြင့် ဆော့ကစားနေရင်းမှ ထထွက်လာသော အမောင်။ ဦးတည်ရာသည် ခင်တို့ထိုင်နေသော ကွပ်ပျစ်‌ဆီသို့သာ။

" ကျုပ်ပညာဒါန ပရဟိတအသင်းထဲဝင်လိုက်ပြီ။ သိပ်မကြာခင်ရက်ပိုင်းအတွင်း တောင်ပေါ်ဒေသတွေကို ကျုပ်ခြေဆန့်ရတော့မယ် လီလီ "

" ဘာပြောတယ် "

အံ့ဩတုန်လှုပ်နေဟန်ရသော အမောင်။ လက်သီးကို တင်းတင်းဆုပ်လို့ အံ့ကိုကြိတ်ကာ အားယူပြီးစကားပြောနေရ၏။

" နီးကပ်မှ အသိပေးသလိုဖြစ်သွားရင် ကျုပ်တောင်းပန်တယ် လီလီ။ ပြီးတော့ မင်းနဲ့မမခင်ရဲ့ မင်္ဂလာဆောင်ကို မတက်ရောက်နိုင်တော့တဲ့အတွက်ပါ ထပ်လောင်းတောင်းပန်ပါတယ် "

" ကျုပ်သိနေတယ်၊ ကျုပ်သိနေတယ်နော် ငဖေ "

" တောင်းပန်ပါတယ် လီလီ "

" ပြီးခဲ့တာတွေလည်းပြီးပြီ။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လို့မရဘူးလား။ ပျော်ပျော်နေစမ်းပါ ငဖေရာ "

" အခုလည်း ကျုပ်ပျော်နေပါတယ် "

တားမရသည့်အဆုံး မျက်နှာသာလွဲရပေတော့၏။
တင့်ဖေဟာ သူငယ်ချင်းကောင်းတစ်ယောက်လည်း ဟုတ်သလို၊ မတော်စပ်လေသော်လည်း ကောင်းသော အစ်ကိုတစ်ယောက်ပင်။ ကျေးဇူးဆိုသော ခေါင်းစဉ်ထက် ပိုကဲသည့် နိယာမတွေ။

ကျုပ်သိနေတယ် ငဖေ။
မြို့အုပ်မင်းရဲ့ လုပ်ရက်တွေကြောင့် ချစ်လိုက်ဖို့ကို မဝံ့မရဲဖြစ်နေတာမလား။ ငြိမ်းလှစည်သူရဲ့ ဖြစ်တည်မှုက နှလုံးသားကို သိပ်နာကျင်စေတယ် မဟုတ်လား။ ကျုပ်သိတာပေါ့ ငဖေရာ။

အမောင် (completed)Donde viven las historias. Descúbrelo ahora