🗞️(၁၀) -U

15.3K 1.2K 23
                                    

အမောင် အပိုင်းတစ်ဆယ်။ ။

ရွာဓလေ့ မင်္ဂလာဆောင်ပွဲလေးသည် အကြီးအကျယ်မဟုတ်သော်လည်း အလိုက်အထိုက် ခမ်းနား၏။
ထုံးစံအရ အမျိုးသားဖြစ်သူရဲ့ အိမ်ရှေ့တွင် မင်္ဂလာမဏ္ဍပ်ထိုးပြီး ကျင်းပကြခြင်းပင်။ ခိုင်ခိုင်ခံခံ ဝါးလုံးလေးချောင်းထောက်ကာ အပေါ်ကို ဓနိရွက်ဖြင့် မိုးအုပ်ထား၏။ သင်ဖြူးဖျာလိပ်များကို ခင်းကျင်းထားပြီး စားပွဲဝိုင်းပုများဖြင့် လာသမျှမိတ်သဟာအား တည်ခင်းဧည့်ခံကြလေသည်။

ဝက်သား၊ကြက်သားနှစ်မျိုးလုံး ချက်ပြုတ်ထားသည်မို့ ကြိုက်နှစ်သက်ရာဖြင့် စားသုံးနိုင်၏။ အရံဟင်းအမယ်နှင့် ငပိ၊တို့စရာပါ မကျန် အရည်သောက်အဆုံး ထောင့်စေ့နေအောင် ပြင်ဆင်ထားပုံကို ကျုပ် မချီးကျူးပဲ မနေနိုင်။

" တင်ဖေ့ ဘယ်မှာတုန်း ဟိုအမျိုးသမီးက "

မင်္ဂလာဇနီးမောင်နှံနှစ်ဦးပင် လက်မှတ်ထိုးလို့ ပြီးကြပြီ။ ကျုပ်လည်း ထမင်းသုံးဆောင်လို့ ပြီးတော့မည်။ သို့သော် ရှာဖွေ့နေသော ပုံရိပ်လေးအား ယခုထိ မတွေ့ရသေးပေ။

" စောင့်ကြည့်ပါဦး လီလီရာ။ ပွဲလည်းပြီးသေးတာ မဟုတ်ဘူးလေ "

ကျုပ် သက်ပြင်းချလိုက်မိ၏။
ဒီနေ့မှတွေ့ပြီး စကားမပြောရရင် နောက်တစ်ကြိမ် အခွင့်အရေးအတွက် အများကြီးအကျပ်ရိုက်ရတော့မှာ။ လွဲလို့တော့ မဖြစ်ချေ ဘာလို့ဆို ကျုပ် ချော့ချင်ပါသေးသည်။

ထမင်းစားသောက်ပြီးကြသောအခါ အချိုပွဲတည်ခင်းရပြန်၏။ လက်ဖက်၊ ထန်းလျက်နှင့် ကျုပ် နာမည်မသိသော မြန်မာမုန့်တစ်ချို့လည်း ကျွေးမွေးသည်။ ဧည့်သည်အမျိုးသားများအတွက် ကွမ်းအစ်နှင့် ဖက်ကြမ်းလိပ်များ ချထားပေး၏။

တင့်ဖေက ကွမ်းကိုတမြုံမြုံဝါးလို့နေ၏။
ကျုပ်လည်း အနေရကျဉ်းကြပ်လာတာမို့ ဖက်ကြမ်းတစ်လိပ်အား မသိမသာယူရင်း မဏ္ဍပ်အနောက်ဘက်သို့ ထွက်လာလိုက်သည်။

လူသွားလူလာကင်းသော နေရာအထိ လျှောက်လာလိုက်ပြီး ဗန်ဒါပင်ရိပ်အောက် ဝင်ခိုလိုက်မိ၏။ ဘေးဘီသို့ နောက်တစ်ကြိမ် အကဲခတ်ကြည့်လိုက်ပြီး ခိုးဝှက်ယူလာသည့် ဖက်ကြမ်းကို ထုတ်လိုက်သည်။

အမောင် (completed)Où les histoires vivent. Découvrez maintenant