ခြံရှေ့သို့ထွက်ရန် ကြိုးစားနေသူနောက် တဟုန်ထိုးပြေးသွားသည့် လူရမ်းကားကောင်။ ထိုသူအား အမြန်တားနိုင်ရန် ကျုပ်ကြံရွယ်မိစဉ် နောက်ကျောသို့ဖြတ်သွားသော ဓားချက်။ ထောက်ကန်ထားသည့် ဒူးခေါင်းတွေ မခိုင်ချင်ဖြစ်လာကာ မတ်တပ်ရပ်ဖို့ပင် ကျုပ်မနည်းအားယူနေရ၏။
ခင့်ကိုသတ်ဖို့ လူဆိုးတစ်ယောက် ပြေးလာသည်။ နာကျင်နေသော ခြေချင်းဝတ်ရယ်၊ အထိုင်များထားခြင်းကြောင့် လမ်းလျှောက်ဖို့ အဆင်မပြေတော့သော အခြေအနေရယ်ကြောင့် ထင်ထားသလို မရွေ့နိုင်။ အနောက်သို့ တစ်ဖန်ပြန်လှည့်ကြည့်မိသောအခါ စောနကလူက ခင့်အနားသို့ ရောက်နေလေပြီ။ ထိုလူက လက်ထဲရှိ ဓားကောက်အား မြှောက်ရွယ်လိုက်သည်။ ခင့်မျက်လုံးတွေကို မှိတ်ချလိုက်ပြီး နာမည်တစ်ခုအား ရွေရွတ်မိ၏။
" အမောင် "
ခင့်ကိုယ်ခန္ဓာတစ်ခုလုံးကို ရှေ့မှနေကာ သိမ်းကျုံးဖက်လာသော အမောင်။ ဗိုက်ခံနေသော်လည်း ရှည်လျားသော အမောင့်လက်များကြောင့် အတော်အသင့်ဝင်ဆံ့၏။
ခင် တအံ့တဩ အမောင့်ကိုကြည့်နေမိသော်လည်း အပြုံးတစ်ချက်မပျက်သွားသော အမောင်။ခြံထဲသို့ရွာထဲကလူတစ်စု ပြေးဝင်လာသံကို ကျုပ်ကြားရ၏။ ရင်ခွင်ထဲရှိ ဒေါ်ခင်မူယာသည်လည်း အကောင်းပကတိတိုင်းသာ။ ဒီလောက်ဆို ကျုပ်စိတ်ချပါပြီ ဒေါ်ခင်မူယာရယ်။
နောက်ကျောဘက်မှ နာကျင်မှုဟာလည်း တစ်စတစ်စ ပိုပြင်းထန်လာ၏။ ကျုပ် သည်းမခံနိုင်တော့တဲ့အဆုံး ပြိုလဲချလိုက်မိသည်။" အမောင် "
လဲကျနေသော ကျုပ်ဘေးနားထိုင်ချကာ ရင်ခွင်ထဲ ပြန်လည်ပွေ့ဖက်ပေးထားသည့် ချစ်သက်ညှာ။ ခပ်မွှေးမွှေး ရွှေဘိုသနပ်ခါးနံ့လေးအပြင် လိမ်းဆေးနံ့တစ်ချို့ကိုပါရ၏။ ကျုပ်ကိုအကူအညီတောင်းပြီး ယူခိုင်းသော ဆေးဗူးနံ့နှင့်အတူတူပင်။
" ခြေချင်းဝတ်က ဘယ်အချိန်ထဲက စနာနေလို့ ဆေးနံ့တောင် ကိုယ်မှာစွဲနေရတာလဲ ဒေါ်ခင်မူယာ "
မြို့အုပ်မင်းကိုတွေ့ရင် ဖိနပ်ချွတ်ပြီး ပါးချမည်ဟု ကျုပ်အားခဲလိုက်မိသည်။ ထိုသို့ရိုက်မိ၍ ဒေါ်ခင်မူယာစိတ်ဆိုးလည်း မတတ်နိုင်ပါ။
ကိုယ်ဝန်ဆောင်ရသည့် ဒဏ်ကို သူမခံရတိုင်း ကျုပ်ရဲ့ ဒေါ်ခင်မူယာကို ကလေးမွေးခိုင်းနေတဲ့ ငနာ။ ဒေါ်ခင်မူယာကို သေးသေးလေးတောင် အထိအခိုက်မခံနိုင်လို့ ရွှေလိုဥထားချင်တဲ့ ကျုပ်ဆီကနေ လုယူသွားပြီး နာကျင်ရအောင်လုပ်တာတော့ ကျုပ် ဘယ်လိုနည်းနဲ့မှ ခွင့်မလွှတ်နိုင်ပါ။
ESTÁS LEYENDO
အမောင် (completed)
Romanceage gap (U/Z) " အမောင်ဟာ အမောင်ပါပဲ ထာဝရအတွက်ပေါ့ " ၅ ဇွန်လ ၂၀၂၂ - ၃ နိုဝင်ဘာလ ၂၀၂၂ 🗞️ " အေမာင္ဟာ အေမာင္ပါပဲ ထာဝရအတြက္ေပါ့ " ၅ ဇြန္လ ၂၀၂၂ - ၃ နိုဝင္ဘာလ ၂၀၂၂