Remind: ဒီအပိုင်းကို mature onပါတယ်။ အတတ်နိုင်ဆုံး အဲ့ကိစ္စတွေ လျှော့ရေးပေးမယ့် ဝတ္ထုအတွက် လိုအပ်ချက်မို့ပါ။
အမောင် အပိုင်းတစ်ဆယ့်ရှစ်။ ။
ကျုပ်မတ်တပ်ရပ်နေမိသောနေရာသည် ဒေါ်ခင်မူယာအိမ်၏ ခြံတွင်း၌။ ရှေ့သို့ဆက်မလျှောက်မိသလို နောက်ကိုလည်း ပြန်မလှည့်ဖြစ်။ လက်ထဲက ခေါက်ထီးလေးမှာ မြေတလင်းပေါ်သို့ သက်ဆင်းသွားလေ၏။
ကျုပ်ဆီကို တစ်လှမ်းချင်းလှမ်းလာသော ဒေါ်ခင်မူယာ။ မဟုတ်ချေ ကျုပ်ဆီ လှမ်းလာတာ လုံးဝမဟုတ်ပါ။ ဖြတ်ပြေးတိုက်ခတ်သွားသော လေပွေရူးလေးကဲ့သို့ ကျုပ် လက်မောင်းကို မထိတထိ တိုက်ကာ ထွက်သွားသောသူ။
" ဒေါ်ခင်မူယာ "
လက်ကောက်ဝတ်မှ ဖမ်းဆွဲမိသောအခါ ပုတ်ချလာ၏။ ကျုပ် အလွန်အမင်း အံ့ဩသွားရသည် ယခုမျက်စိရှေ့ကလူက တကယ်ကော ကျုပ်ရဲ့ချစ်သက်ညှာလေး ဟုတ်ပါစ။
ခရမ်းနုရောင် ဗိုက်ဖုံးအင်္ကျီလေးအောက်မှ ဆူထွက်နေပြီဖြစ်သော လသားဗိုက်။ ရွံအိုင်နေသော မြေကြီးပေါ်လမ်းလျှောက်ရသည်မို့ ချော်လဲမှာစိုးရိမ်သည့်ဟန်။ လက်တစ်ဖက်ဖြင့် မြို့အုပ်မင်း၏ လက်မောင်းကို ဖမ်းဆုပ်ထားသည်။
" ဒါက ဘယ်လဲ ဒေါ်ခင်မူယာ "
" လီလီတောင် ရွာကိုပြန်ရောက်နေပြီပေါ့။ စိတ်မရှိပါနဲ့ ကျုပ်မိန်းမကို ဆေးပေးခန်းလိုက်ပြရမှာမို့ နောက်မှပဲ အေးဆေးဧည့်ခံတော့မယ် "
မိန်းမ" ဒါဟာ ကျုပ်သံယောင်လိုက်မိသည့် စကား။
" ဟုတ်တယ်လေဗျာ။ ခင်က ကျုပ်မိန်းမလေ ဗိုက်ထဲက ကလေးတောင် လေးလရှိနေပြီ "
မြို့အုပ်မင်းကိုတစ်လှည့်၊ ဆူထွက်နေသော ဒေါ်ခင်မူယာ၏ ဗိုက်ပူပူလေးအားတစ်လှည့် ကြည့်မိသည်။ ဒါဟာ ဘယ်လိုမှားယွင်းမှုမျိုးပါလိမ့်။ မျက်စိတို့ကို မှိတ်ချလိုက်ပြီး ကျုပ် ခေါင်းကိုသာခါရမ်းနေမိသည်။ အခုမြင်နေရသော အရာတွေဟာ အတုအယောင်သာ ဖြစ်လိမ့်မည်။ ဟုတ်ပါတယ် အတုအယောင်တွေပါ။
" သွားကြရအောင် "
နားစည်ထဲ ရိုက်ခတ်လာသော ထိုအသံ။
လက်သီးတွေကို ခပ်တင်းတင်းစုပ်လိုက်ပြီးနောက် မြို့အုပ်မင်းမျက်နှာထက်သို့ အားကုန်ပြစ်လွှဲလိုက်သည်။ ရုတ်ချည်းအခြေအနေမို့ အနောက်သို့ယိုင်သွားသော မြို့အုပ်မင်း။ လက်ထဲရှိ ခေါက်ထီးလေးသည် မြေတလင်းပေါ်သို့ ပြုတ်ကျသွား၏။ ထိုအခါ ကျုပ်တို့ သုံးယောက်လုံး စိုရွဲသွားကြသည်။
YOU ARE READING
အမောင် (completed)
Romanceage gap (U/Z) " အမောင်ဟာ အမောင်ပါပဲ ထာဝရအတွက်ပေါ့ " ၅ ဇွန်လ ၂၀၂၂ - ၃ နိုဝင်ဘာလ ၂၀၂၂ 🗞️ " အေမာင္ဟာ အေမာင္ပါပဲ ထာဝရအတြက္ေပါ့ " ၅ ဇြန္လ ၂၀၂၂ - ၃ နိုဝင္ဘာလ ၂၀၂၂