🗞️(၁၃) -U

14.3K 1.2K 31
                                    

မနက်‌ဝေလီဝေလင်း ခြောက်နာရီ။
သူကြီးခြံထဲတွင် လုံမပျိုတစ်ချို့နှင့် ဒေါ်ခင်မူယာ အလုပ်ရှုပ်နေလေပြီ။ ယနေ့သည်ကား မြန်မာအတာသင်္ကြန် ပထမဆုံးရက် ( အကြိုနေ့ပင် )။
ဘုန်းကြီးကျောင်းအတွက် ဆွမ်းချိုင့်ပို့ရမည်ဖြစ်ပြီး မုန့်လုံးရေပေါ် အလှူလည်းရှိသေးတာမို့ ခင် ဗြာများနေရသည်။

" ဒေါ်ခင်မူယာ "

အမောင့်အသံကြောင့် မုန်လုံးနေကြသော လုံမငယ်များ ခေါင်းထောင်လာကြ၏။ ခင်လည်း ချောင်းတစ်ချက်ဟန့်ကာ အမောင့်အနားသို့ လျှောက်သွားလိုက်သည်။

" မနက်အစောကြီး ဘာကိစ္စလဲ အမောင် "

" သူများတွေမဦးခင် ကျုပ် ရေလာလောင်းတာ "

အိမ်မှယူဆောင်လာသော ငွေဖလားလေးဖြင့် ဒေါ်ခင်မူယာရဲ့ ပခုံးထက်မှနေကာ အတာရေလောင်းလိုက်သည်။ ဖလားအပြည့် ပါလာသောရေကြောင့် ဒေါ်ခင်မူယာ၏ ကိုယ်ခန္ဓာတစ်ခြမ်းလုံး သိသိသာသာ စိုသွားလေသည်။

" ကျုပ်တို့ကိုလည်း ရေမလောင်းတော့ဘူးလား လီလီ "

" ဒေါ်ခင်မူယာအတွက်ပဲ ကျန်တော့တာ အိမ်မှာက ရေကုန်သွားပြီ။ နောက်နေ့မှ လောင်းတော့မယ်နော် "

" လိမ်တယ်ညာတယ် လူညာကြီးရယ် ယုံအောင်ဖြီးတတ်တယ် "

လုံမလေးများ၏ စောင်းမြောင်းသီဆိုသံကြောင့် အမောင့်နားရွက်ဖျားလေး နီမြန်းလာသည်။ အမောင် ရှက်နေပုံကို ခင် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပါ။ သွားတန်းဖြူဖြူလေးများပေါ်သည်အထိ ပြုံးနေရင်း ခေါင်းကိုလည်း အောက်ငုံ့ထား၏။ နားထင်နားကို လက်သည်းဖြင့် ခပ်ဖွဖွကုတ်သေးပြန်သည်။ ဒါဟာ အမောင်ရဲ့ ရှက်သွေးဖြာနေပုံလေးပေါ့။

" ပြန်တော့ အမောင် "

" ဘာလို့လဲ ဒေါ်ခင်မူယာ "

လက်ကိုဆွဲကာ ခြံရှေ့သို့ ဦးတည်နေသူ။ မေးတာကိုလည်း ပြန်မဖြေပဲ လုပ်ချင်တိုင်းလုပ်နေလေသည်။

" ဒေါ်ခင်မူယာ ကျုပ်မေးတာ ဖြေဦးလေ "

" သဝန်တိုလို့၊ အမောင်ကို အူတိုလွန်းလို့ ပြန်ခိုင်းနေတာ "

အမောင် (completed)Où les histoires vivent. Découvrez maintenant