ဦးစွာအနေနဲ့ သာယာလှပသော သီတင်းကျွတ်အချိန်အခါသမယလေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ။
အမောင် အပိုင်းနှစ်ဆယ့်တစ်
_______ငြိမ်း။
မျက်နှာလေးမြင်ရရုံ၊ အသံလေးကြားရရုံဖြင့် ကျုပ်ရင်အပူကို ငြိမ်းသက်စေသော ထိုအမျိုးသမီး ငြိမ်း။ အခုတော့များ နာမည်ကလေး ကြားရရုံနှင့်ကို ကျုပ်အားပူလောင်စေလေပြီ။ မချစ်တော့၍မဟုတ်ပါပဲ မချစ်သင့်တော့သော နိယာမများ၏ အလွန်တွင်ရောက်ရှိနေခြင်းပင်။တစ်လုတ်စားဖူး သူ့ကျေးဇူးကို ရူးတောင်မမေ့ထိုက်သင့်သည်မို့ ကျုပ်ရဲ့နှလုံးသားလေးကို ဘေးလွယ်အိတ်ထဲ ခဏထည့်သိမ်းရပါတော့မည်။ မပိုင်ရခြင်း တဒင်္ဂဖြစ်ရပ်တွေထဲ လက်လွတ်ခြင်းအနားသားရပ်ဝန်းတစ်ခု။ အချစ်မခံရတဲ့ကလေးက တစ်ယောက်တည်းနေတတ်သွားသလိုမျိုး၊ ဒေါက်တာရဲ့ အသည်းတစ်ခြမ်းကို မရနိုင်ခဲ့တဲ့ကျုပ်၊ မရယူပဲနေသွားရလည်း နေတတ်လောက်မှာပါ။
ဟော .. တစ်နှစ်ကျော်နီးပါး စောင့်ဆိုင်းခဲ့ရသော ကျုပ်ရဲ့တနင်္လာသမီးလေး လာချေပြီ။ လှလိုက်ပုံများ၊ ကဗျာဖွဲ့မမှီလောက်အောင်အထိပင်။
" ကိုတင့်ဖေ "
" လှည်းပေါ်တက်ပါ ဒေါက်တာ။ နေမညိုခင် ရွာကိုအမှီရောက်အောင် မောင်းရမှာမို့ ကျုပ်စကားမပြောနိုင်ဘူး "
မျက်နှာချင်းမဆုံပါပဲ ခပ်တည်တည်မျက်နှာပေးဖြင့် ထိုစကားအား ကျုပ်ပြောလိုက်ခြင်း။ ကဲ .. အသည်းမာသူကြီး ငဖေ မနိုင်နိုင်အောင် ဇာတ်ကတော့မည်။
" ဘာလို့လောနေရတာလဲ ကိုတင့်ဖေရယ် "
" ဒီနေ့က လီလီ့မွေးနေ့မို့ ပွဲမှာကျုပ်ရှိနေချင်တယ် "
ခြံရှေ့တွင် တောင့်တောင့်ကြီးရပ်နေသူအား အိပ်ခန်းပြတင်းပေါက်မှ လှမ်းမြင်နေရသော်လည်း ထွက်မခေါ်ဖြစ်။ ကွယ်ရာကနေသာ ချောင်းလို့ငေးမိသည်။
" ဝင်ရအောင်လေ မယ်ခင် "
" ဟင့်အင်း မလိုက်ချင်တော့ဘူး။ ခင် ပြန်မယ် ကိုကိုကြီး "
" မယ်ခင်ရာ ညည်းစိတ်ကိုနားလည်ပေမယ့် သူဠေးကြီးကိုယ်တိုင် အလှူကိုလာဖို့ တကူးတကဖိတ်ထားတာလေ။ ညည်းမလိုက်တော့ ကျုပ်က ဘယ်လိုလုပ် မျက်နှာပြရဲပါ့မလဲ "
VOUS LISEZ
အမောင် (completed)
Roman d'amourage gap (U/Z) " အမောင်ဟာ အမောင်ပါပဲ ထာဝရအတွက်ပေါ့ " ၅ ဇွန်လ ၂၀၂၂ - ၃ နိုဝင်ဘာလ ၂၀၂၂ 🗞️ " အေမာင္ဟာ အေမာင္ပါပဲ ထာဝရအတြက္ေပါ့ " ၅ ဇြန္လ ၂၀၂၂ - ၃ နိုဝင္ဘာလ ၂၀၂၂